Unicode

Samsung ကနေ Galaxy S20 Series စမတ်ဖုန်းတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပေမယ့် အခုအချိန်အထိကို Leaks သတင်းတွေက ဆက်တိုက်ထွက်ရှိနေတာဖြစ်ပါတယ်။ အခုလည်း MySmartPrice ကနေ Galaxy S20 Series တွေအကုန်လုံးရဲ့ Specification အပြည့်အစုံကို ဖော်ပြခဲ့ပါတယ်။

အခု MySmartPrice ကနေ ဖော်ပြခဲ့တဲ့ Galaxy S20 Series ဖုန်းတွေရဲ့ Specification ဟာ Asia နဲ့ Europe Region တွေမှာ ရောင်းချသွားမယ့် Exynos 990 Processor အသုံးပြုထားတဲ့ Version ဖြစ်ပြီးတေ့ာ 5G Version တွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် 4G Version နဲ့ Specification ပိုင်းကွာခြားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒီ Specification တွေအရ Galaxy S20 Series မှာ Screen Size ကွာခြားပေမယ့် တူညီတဲ့ 120Hz WQHD+ Infinity-O Display ကိုပဲ သုံးစွဲလာမှာဖြစ်ပါတယ်။ Performance အနေနဲ့ကတေ့ာ Exynos 990 Processor နဲ့ Storage ကိုတော့ 128GB နဲ့ထွက်ရှိလာမှာဖြစ်ပြီး Galaxy S20 Ultra 5G ဖုန်းမှာတော့ 512GB Storage ကိုပါ ရွေးချယ်နိုင်မှာပါ။ ဒီ Galaxy S20 Series ဖုန်းတွေအားလုံးမှာ MicroSD Card ကို ထည့်သွင်းနိုင်မှာလည်းဖြစ်ပါတယ်။ RAM ကိုတော့ ပြောကြားခြင်းမရှိပေမယ့် 128GB Storage မှာ RAM 12GB နဲ့ 512GB Version မှာ RAM 16GB ပါဝင်လာမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် Camera ပိုင်းမှာတော့ ကွာခြားမှုကို စတင်တွေ့ရှိလာရပြီးတော့ Galaxy S20 Ultra 5G က သိသိသာသာကို ပိုကောင်းနေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် 108MP Main Sensor အပြင် 48MP Telephoto ၊ 12MP Ultrawide နဲ့ ToF Camera Setup ကို အသုံးပြုလာတဲ့အပြင် 10x Optical Zoom နဲ့ 100x Digital Zoom တွေကို Support ပေးလာမှာဖြစ်တာကြောင့်ပါ။

ပုံမှန် Galaxy S20 Plus 5G နဲ့ Galaxy S20 5G စမတ်ဖုန်းတွေမှာတော့ 12MP Primary Sensor နဲ့ 64MP Telephoto ၊ 12MP Ultrawide Camera Setup ကို သုံးစွဲထားပြီး S20 Plus 5G မှာဆိုရင် ToF Sensor ပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Zoom စွမ်းဆောင်ရည်မှာတော့ 3x Optical Zoom နဲ့ 30x DIgital Zoom ကိုပဲ Support ပေးလာမှာပါ။

Video ပိုင်းမှာတော့ Galaxy S20 Series ဖုန်းတွေအားလုံး 8K 30fps Video Recording ကို Support ပေးလာမှာပဲဖြစ်ပါတယ်။

Selfie Camera အနေနဲ့လည်း Galaxy S20 5G နဲ့ S20 Plus 5G ဖုန်းတွေမှာ 10MP Sensor ပဲ သုံးစွဲထားပြီး Galaxy S20 Ultra 5G မှာတော့ ထူးထူးခြားခြား 40MP WIde Sensor ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒီ Selfie Camera တွေအကုန်လုံးကလည်း 4K 60fps Video Recording ကို Support ပြုလုပ်ဦးမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ Galaxy S20 5G မှာ 4000mAh ၊ S20 Plus 5G မှာ 4500mAh နဲ့ Galaxy S20 Ultra 5G ဖုန်းမှာတော့ 5000mAh အသီးသီးပါဝင်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်းဆိုရင် Camera ပိုင်းကွာခြားမှုတစ်ခုထဲနဲ့တင် Galaxy S20 Ultra 5G ဖုန်းက ဒီနှစ်အတွက် အဝယ်သင့်ဆုံး Galaxy S20 ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – Android Police

Zawgyi

Samsung ကေန Galaxy S20 Series စမတ္ဖုန္းေတြကို လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားေတာ့မွာျဖစ္ေပမယ့္ အခုအခ်ိန္အထိကို Leaks သတင္းေတြက ဆက္တိုက္ထြက္ရွိေနတာျဖစ္ပါတယ္။ အခုလည္း MySmartPrice ကေန Galaxy S20 Series ေတြအကုန္လုံးရဲ႕ Specification အျပည့္အစုံကို ေဖာ္ျပခဲ့ပါတယ္။

အခု MySmartPrice ကေန ေဖာ္ျပခဲ့တဲ့ Galaxy S20 Series ဖုန္းေတြရဲ႕ Specification ဟာ Asia နဲ႔ Europe Region ေတြမွာ ေရာင္းခ်သြားမယ့္ Exynos 990 Processor အသုံးျပဳထားတဲ့ Version ျဖစ္ၿပီးေတ့ာ 5G Version ေတြလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ပုံမွန္ 4G Version နဲ႔ Specification ပိုင္းကြာျခားမွာမဟုတ္ဘူးလို႔လည္း သိရပါတယ္။

ဒီ Specification ေတြအရ Galaxy S20 Series မွာ Screen Size ကြာျခားေပမယ့္ တူညီတဲ့ 120Hz WQHD+ Infinity-O Display ကိုပဲ သုံးစြဲလာမွာျဖစ္ပါတယ္။ Performance အေနနဲ႔ကေတ့ာ Exynos 990 Processor နဲ႔ Storage ကိုေတာ့ 128GB နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး Galaxy S20 Ultra 5G ဖုန္းမွာေတာ့ 512GB Storage ကိုပါ ေ႐ြးခ်ယ္ႏိုင္မွာပါ။ ဒီ Galaxy S20 Series ဖုန္းေတြအားလုံးမွာ MicroSD Card ကို ထည့္သြင္းႏိုင္မွာလည္းျဖစ္ပါတယ္။ RAM ကိုေတာ့ ေျပာၾကားျခင္းမရွိေပမယ့္ 128GB Storage မွာ RAM 12GB နဲ႔ 512GB Version မွာ RAM 16GB ပါဝင္လာမယ္လို႔ ယူဆရပါတယ္။

ဒါေပမယ့္ Camera ပိုင္းမွာေတာ့ ကြာျခားမႈကို စတင္ေတြ႕ရွိလာရၿပီးေတာ့ Galaxy S20 Ultra 5G က သိသိသာသာကို ပိုေကာင္းေနတာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ 108MP Main Sensor အျပင္ 48MP Telephoto ၊ 12MP Ultrawide နဲ႔ ToF Camera Setup ကို အသုံးျပဳလာတဲ့အျပင္ 10x Optical Zoom နဲ႔ 100x Digital Zoom ေတြကို Support ေပးလာမွာျဖစ္တာေၾကာင့္ပါ။

ပုံမွန္ Galaxy S20 Plus 5G နဲ႔ Galaxy S20 5G စမတ္ဖုန္းေတြမွာေတာ့ 12MP Primary Sensor နဲ႔ 64MP Telephoto ၊ 12MP Ultrawide Camera Setup ကို သုံးစြဲထားၿပီး S20 Plus 5G မွာဆိုရင္ ToF Sensor ပါ ပါဝင္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္ Zoom စြမ္းေဆာင္ရည္မွာေတာ့ 3x Optical Zoom နဲ႔ 30x DIgital Zoom ကိုပဲ Support ေပးလာမွာပါ။

Video ပိုင္းမွာေတာ့ Galaxy S20 Series ဖုန္းေတြအားလုံး 8K 30fps Video Recording ကို Support ေပးလာမွာပဲျဖစ္ပါတယ္။

Selfie Camera အေနနဲ႔လည္း Galaxy S20 5G နဲ႔ S20 Plus 5G ဖုန္းေတြမွာ 10MP Sensor ပဲ သုံးစြဲထားၿပီး Galaxy S20 Ultra 5G မွာေတာ့ ထူးထူးျခားျခား 40MP WIde Sensor ကို ထည့္သြင္းထားမွာျဖစ္ပါတယ္။ ဒီ Selfie Camera ေတြအကုန္လုံးကလည္း 4K 60fps Video Recording ကို Support ျပဳလုပ္ဦးမွာပါ။

Battery ပိုင္းအေနနဲ႔ကေတာ့ Galaxy S20 5G မွာ 4000mAh ၊ S20 Plus 5G မွာ 4500mAh နဲ႔ Galaxy S20 Ultra 5G ဖုန္းမွာေတာ့ 5000mAh အသီးသီးပါဝင္လာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီအတိုင္းဆိုရင္ Camera ပိုင္းကြာျခားမႈတစ္ခုထဲနဲ႔တင္ Galaxy S20 Ultra 5G ဖုန္းက ဒီႏွစ္အတြက္ အဝယ္သင့္ဆုံး Galaxy S20 ဖုန္းတစ္လုံးျဖစ္လာႏိုင္ပါတယ္။

Ref – Android Police