အီရန်အဓိပတိ အယာတိုလာ အလီခါမေနီဟာ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ရုတ်တရက်လုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ၊ တီဟီရန်မြို့က ယာဉ်ကြောစောင့်ကြည့်ကင်မရာတွေကို နှစ်နဲ့ချီပြီး ဟက်ခ် (Hack) လုပ်ထားကာ အချိန်ယူ ကြိုတင်စီစဉ်ထားတဲ့ အဆင့်မြင့် ထောက်လှမ်းရေး စစ်ဆင်ရေးတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

File photo of Iran's Supreme Leader Ayatollah Khamenei visiting military manoeuvres by the army, in the southwestern province of Khouzestan, Iran (AP)

Financial Times ရဲ့ အစီရင်ခံစာအရ အစ္စရေးထောက်လှမ်းရေးတွေဟာ အဲဒီကင်မရာတွေကနေ တစ်ဆင့် ခါမေနီအပါအဝင် အီရန်ထိပ်တန်းအရာရှိတွေရဲ့ ကိုယ်ရံတော်တွေ ကားရပ်လေ့ရှိတဲ့ နေရာတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှု ပုံစံတွေကို အသေးစိတ် လေ့လာခဲ့တာပါ။ ဒါ့အပြင် အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီး လုံခြုံရေးအစောင့်တွေရဲ့ နေရပ်လိပ်စာတွေ၊ အလုပ်ချိန်တွေနဲ့ သွားလာတဲ့ လမ်းကြောင်းတွေကိုပါ စုဆောင်းခဲ့ပါတယ်။

Israeli spies spent years hacking every camera in Tehran to monitor  Ayatollah Ali Khamenei: report

ဒီလို အချက်အလက်တွေ စုဆောင်းတာအပြင် အစ္စရေးနဲ့ အမေရိကန် CIA တို့ဟာ အသက် ၈၆ နှစ်အရွယ် ခါမေနီ ရုံးခန်းမှာ ရှိနေမယ့် အချိန်တိကျဖို့အတွက် အခြားနည်းလမ်းတွေကိုလည်း အသုံးပြုခဲ့ကြပါသေးတယ်။ တိုက်ခိုက်မှု မလုပ်ခင်မှာ အစ္စရေးက အီရန်အစောင့်တွေဆီ သတိပေးချက်တွေ မရောက်သွားအောင် လမ်းအနီးအနားမှာ ရှိတဲ့ မိုဘိုင်းဖုန်း တာဝါတိုင်တချို့ကို ကြားဖြတ်နှောင့်ယှက်ပြီး ဖုန်းလိုင်းတွေ မအားအောင်ပါ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ခါမေနီလို ထိပ်တန်းပစ်မှတ်ကို တိုက်ခိုက်ဖို့အတွက် အစ္စရေးဘက်က ထောက်လှမ်းရေး အရာရှိကြီး နှစ်ယောက်က ပစ်မှတ်ရှိနေကြောင်းကို အတိအကျ အတည်ပြုပေးဖို့ လိုအပ်ပါတယ်။ အစ္စရေးရဲ့ Unit 8200 တပ်ဖွဲ့က ဟက်ခ်လုပ်ထားတဲ့ ကင်မရာတွေနဲ့ ဖုန်းကွန်ရက်တွေကနေ သတင်းအချက်အလက်တွေ ရယူခဲ့သလို၊ အမေရိကန်ဘက်ကလည်း အတွင်းလူတစ်ယောက်ဆီကနေ သတင်းရခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို အမေရိကန်ဘက်က ‘Epic Fury’ လို့ နာမည်ပေးထားပြီး အစ္စရေးကတော့ ‘Roaring Lion’ လို့ အမည်ပေးထားပါတယ်။

Ref : Hindustantimes