[Unicode]

Huami က CES 2020 မှာ ထုတ်ကုန် အသစ်တွေကို ပြသမယ်လို့ အတည်ပြုထားပြီးပါပြီ။ အဲဒီထဲက ၁ ခုက Amazfit T-Rex ဖြစ်ပြီး အကြမ်းခံတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့မှာ ကြေညာမှာဖြစ်ပြီး တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကုမ္ပဏီရဲ့ စီအီးအိုက စမတ်နာရီရဲ့ ဓါတ်ပုံတွေနဲ့ လုပ်ဆောင်ချက် ၁ ခုကို မျှဝေလိုက်ပါတယ်။

စမတ်နာရီကို အားအပြည့်သွင်းထားရင် ရက် ၂၀ တောင် အသုံးခံတာက တော်တော် လန်းပါတယ်။ ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ စီအီးအို Huang Wang က “ ဘက်ထရီ သက်တမ်းဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းရည် ဖြစ်ပြီး Amazfit T-Rex မှာလည်း ဒီလို နည်းပညာ ပါလာမှာပါ။ စစ်တပ် အဆင့် အကြမ်းခံ စံနှုန်းနဲ့ ရက် ၂၀ ခံ ဘက်ထရီ သက်တမ်း ထည့်ထားမှာပါ။ “ လို့ ပြောပါတယ်။

စမတ်နာရီဟာ အပူဒဏ်ကို ၇၀ ဒီဂရီ စင်တီဂရိတ်အထိနဲ့ အအေးဒဏ်ကို အနုတ် ၄၀ ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်တယ်လို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ဆားငန်ရေကို ၉၆ နာရီကြာ ခံနိုင်ပါတယ်။ အရင် မျှဝေခဲ့တဲ့ ဓါတ်ပုံအရ စမတ်နာရီရဲ့ ကိုယ်ထည်က ကြီးမားပြီး အနက်ရောင် ရာဘာ လက်ပတ်ကြိုးပါပါတယ်။ Select, Back, Down နဲ့ Up စတဲ့ ခလုတ် ၄ ခု တပ်ဆင်ထားပြီး Watch Face အရ နှလုံးခုန်နှုန်း ဆန်ဆာနဲ့ ခြေလှမ်းတွက်ချက်ပေးတဲ့ လုပ်ဆောင်ချက်တွေ ပါမယ်ဆိုတာ သိခဲ့ရပါတယ်။

GPS, GLONASS နဲ့ BeiDou တွေ ထောက်ပံ့ထားနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။ စကိတ်စီးတာ၊ တောင်တက်တာ၊ ပြေးတာ စတဲ့ အားကစားတွေကို တွက်ချက်ပေးနိုင်မှာပါ။

Ref : gizmochina

[Zawgyi]

ဘက္ထရီ သက္တမ္း ရက္ ၂၀ ေတာင္ အသံုးခံမယ့္ Amazfit T-Rex စမတ္နာရီ

Huami က CES 2020 မွာ ထုတ္ကုန္ အသစ္ေတြကို ျပသမယ္လို႔ အတည္ျပဳထားၿပီးပါၿပီ။ အဲဒီထဲက ၁ ခုက Amazfit T-Rex ျဖစ္ၿပီး အၾကမ္းခံတဲ့ စမတ္နာရီ ျဖစ္ပါတယ္။ ဇန္န၀ါရီလ ၈ ရက္ေန႔မွာ ေၾကညာမွာျဖစ္ၿပီး တရား၀င္ မိတ္ဆက္ပြဲ မတိုင္ခင္မွာ ကုမၸဏီရဲ႕ စီအီးအိုက စမတ္နာရီရဲ႕ ဓါတ္ပံုေတြနဲ႔ လုပ္ေဆာင္ခ်က္ ၁ ခုကို မွ်ေ၀လိုက္ပါတယ္။

စမတ္နာရီကို အားအျပည့္သြင္းထားရင္ ရက္ ၂၀ ေတာင္ အသံုးခံတာက ေတာ္ေတာ္ လန္းပါတယ္။ ကုမၸဏီရဲ႕ တည္ေထာင္သူနဲ႔ စီအီးအို Huang Wang က “ ဘက္ထရီ သက္တမ္းဟာ ကြ်န္ေတာ္တို႔ရဲ႕ အေကာင္းဆံုး စြမ္းရည္ ျဖစ္ၿပီး Amazfit T-Rex မွာလည္း ဒီလို နည္းပညာ ပါလာမွာပါ။ စစ္တပ္ အဆင့္ အၾကမ္းခံ စံႏႈန္းနဲ႔ ရက္ ၂၀ ခံ ဘက္ထရီ သက္တမ္း ထည့္ထားမွာပါ။ “ လို႔ ေျပာပါတယ္။

စမတ္နာရီဟာ အပူဒဏ္ကို ၇၀ ဒီဂရီ စင္တီဂရိတ္အထိနဲ႔ အေအးဒဏ္ကို အႏုတ္ ၄၀ ဒီဂရီ စင္တီဂရိတ္ အထိ ခံႏုိင္တယ္လို႔ သိခဲ့ရပါတယ္။ ဒါ့အျပင္ ဆားငန္ေရကို ၉၆ နာရီၾကာ ခံႏိုင္ပါတယ္။ အရင္ မွ်ေ၀ခဲ့တဲ့ ဓါတ္ပံုအရ စမတ္နာရီရဲ႕ ကိုယ္ထည္က ႀကီးမားၿပီး အနက္ေရာင္ ရာဘာ လက္ပတ္ႀကိဳးပါပါတယ္။ Select, Back, Down နဲ႔ Up စတဲ့ ခလုတ္ ၄ ခု တပ္ဆင္ထားၿပီး Watch Face အရ ႏွလံုးခုန္ႏႈန္း ဆန္ဆာနဲ႔ ေျခလွမ္းတြက္ခ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါမယ္ဆိုတာ သိခဲ့ရပါတယ္။

GPS, GLONASS နဲ႔ BeiDou ေတြ ေထာက္ပံ့ထားႏိုင္ၿပီး ကိုယ္လက္လႈပ္ရွားမႈေတြကို တိုင္းတာေပးတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါလာႏိုင္ပါတယ္။ စကိတ္စီးတာ၊ ေတာင္တက္တာ၊ ေျပးတာ စတဲ့ အားကစားေတြကို တြက္ခ်က္ေပးႏုိင္မွာပါ။

Ref : gizmochina