Amazon က Delivery ယာဉ်မောင်းတွေ ကားထဲမှာ ပစ္စည်းတွေကို ရှာဖွေရတဲ့ အချိန်ကို လျှော့ချပေးနိုင်တဲ့ Vision-Assisted Package Retrieval (VAPR) အမည်ရ AI စနစ်ကို အသုံးပြုနေပါတယ်။

Amazon is powering up its electric delivery vans with AI

VAPR က Amazon ရဲ့ Delivery ယာဉ်မောင်းတွေကို သက်သာစေပြီး ပစ္စည်းပို့ရမယ့် နေရာရောက်ရင် ပစ္စည်းကို အလိုအလျှောက် ရွေးထုတ်ပေးနိုင်ပါတယ်။ အဲဒီစနစ်က ပို့ရမယ့် ပစ္စည်းမှာ အစိမ်းရောင် “O” အမှတ်အသားကို ပြသပေးပြီး မပို့ရမယ့် ပစ္စည်းအားလုံးမှာ အနီရောင် “X” အမှတ်အသားကို ပြသပေးပါတယ်။ ယာဉ်မောင်းက မှန်ကန်တဲ့ ပစ္စည်းကို ယူဆောင်သွားရင် အသံနဲ့ အသိပေးမှာ ဖြစ်ပါတယ်။

Amazon is powering up its electric delivery vans with AI

VAPR စနစ်က ပစ္စည်းပို့ဆောင်ချိန်မှာ ယာဉ်မောင်းတွေ ဖုန်း သုံးစရာမလိုအောင်ပြုလုပ်ပေးပါတယ်။ Amazon က ယာဉ်မောင်းတွေဟာ ဝယ်ယူသူရဲ့ အမည်နဲ့ လိပ်စာကို စစ်ဆေးတာ၊ ပစ္စည်းတွေကို ရွေးထုတ်တာတွေကို ပြုလုပ်စရာ မလိုတော့ဘူးလို့ ပြောပါတယ်။ အဲဒီအစား ယာဉ်မောင်းတွေဟာ အစိမ်းရောင် အမှတ်အသားပါတဲ့ ပစ္စည်းကို ယူပြီး သွားပို့ရုံပါပဲ။

Amazon သယ်ယူပို့ဆောင်ရေး အဖွဲ့က VAPR ကို စမ်းသပ်တဲ့အခါမှာ နာရီ ရာပေါင်းများစွာ သက်သာစေတယ်လို့ ပြောပါတယ်။ ယာဉ်မောင်းတွေရဲ့ လုပ်အားနဲ့ စိတ်အားကို ၆၇ ရာခိုင်နှုန်း လျှော့ချပေးပြီး လမ်းကြောင်း တစ်ခုမှာ အချိန် မိနစ် ၃၀ ကျော် သက်သာစေပါတယ်။

VAPR ကို ကုမ္ပဏီရဲ့ လျှပ်စစ် Delivery ဗင်ကား အသစ် ၁,၀၀၀ မှာ တပ်ဆင်မှာ ဖြစ်ပြီး ရလဒ်ကောင်းရင် တိုးချဲ့တပ်ဆင်မှာ ဖြစ်ပါတယ်။

Amazon ရဲ့ Delivery ယာဉ်မောင်းတွေဟာ ကမ္ဘာအဝန်းမှာ ၃၉၀,၀၀၀ ကျော်ရှိပြီး ဗင်ကား ၁၀၀,၀၀၀ ကျော် ရှိပါတယ်။ Amazon ဟာ နေ့စဉ် ကုန်ပစ္စည်း သန်းပေါင်းများစွာကို ပို့ဆောင်ပေးနေရပြီး VAPR လို နည်းပညာဟာ အချိန်ကုန် သက်သာစေမှာ ဖြစ်ပါတယ်။

Ref : electrek