Amazon ကုမ္ပဏီပိုင် Zoox ဟာ သူ့ရဲ့ မောင်းသူမဲ့ ရိုဘိုတက္ကစီ ဝန်ဆောင်မှုကို Las Vegas မြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး စတင်လိုက်ပြီ ဖြစ်ပါတယ်။

Amazon's Zoox launches its robotaxi service in Las Vegas - ABC News

Zoox app ရှိတဲ့ ဘယ်သူမဆို Las Vegas Strip လမ်းမကြီးပေါ်က နေရာ ၅ ခုဖြစ်တဲ့ Resorts World၊ Luxor၊ New York-New York၊ Area15 နဲ့ Topgolf တို့မှာ အခမဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ခရီးစဉ်တွေကိုတော့ ၃ မိုင် (၄.၈ ကီလိုမီတာ) အကွာအဝေးအထိပဲ ကန့်သတ်ထားပြီး ခရီးသည် ၄ ယောက်အထိ လိုက်ပါနိုင်ပါတယ်။

Amazon's Zoox launches its robotaxi service in Las Vegas | National News |  2news.com

ဝန်ဆောင်မှုကို လူသိများလာအောင် ပထမဆုံးလအနည်းငယ်အတွင်းမှာ အခမဲ့ စီးနင်းခွင့်ပေးသွားမှာပါ။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရပြီးရင်တော့ Zoox ဟာ သာမန်တက္ကစီတွေနဲ့ Uber၊ Lyft တို့လို ride-hailing app တွေလို ဈေးနှုန်းတွေ စတင်ကောက်ခံဖို့ အစီအစဉ်ရှိပါတယ်။

Zoox မှာ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်အစီး ၅၀ ခန့်ရှိပြီး အများစုက Nevada ပြည်နယ်မှာဖြစ်ကာ တစ်ချို့က San Francisco မှာ ဖြစ်ပါတယ်။ Las Vegas နဲ့ San Francisco ပြီးရင်တော့ ကုမ္ပဏီဟာ Austin နဲ့ Miami မြို့တွေကို ဆက်လက်တိုးချဲ့သွားဖို့ ရည်ရွယ်ထားပါတယ်။

Ref : Technology Innovation