Amazon ဟာ ဒီလ ၂၈ ရက်နေ့မှာ Hardware အသစ် မိတ်ဆက်ပွဲ ၁ ခုကို ကျင်းပဖို့ ရှိနေတယ်လို့ Bloomberg က သတင်းပေးလာပါတယ်။ အဲဒီ ပွဲမှာ ၁၅ လက်မ Amazon Echo Display Device က အဓိက ကြေညာမယ့် ထုတ်ကုန် ဖြစ်လာနိုင်ပါတယ်။ လျှို့ဝှက်နာမည်က Hoya ဖြစ်ပြီး နံရံမှာ ချိတ်ဆွဲထားဖို့ ဖန်တီးထားသလို Stand နဲ့ ချိတ်ဆက်ကာ စားပွဲပေါ်မှာ တင်ထားနိုင်မှာပါ။

Amazon to launch a new 15-inch, wall-mountable Echo device

မီးလုံး၊ လေအေးပေးစက်တို့လို စမတ်နေအိမ် Device တွေကို ထိန်းချုပ်ဖို့အတွက် အဲဒီ Device ကို အဓိက ဖန်တီးထားတာ ဖြစ်နိုင်ပြီး အရွယ်အစား ကြီးမားတဲ့အတွက် ပင်မ စမတ် နေအိမ် Hub လို အသုံးချနိုင်မှာ ဖြစ်ပါတယ်။

Echo Display မှာ Video Call အသုံးပြုနိုင်မှာ ဖြစ်ပြီး UI မှာ Weather , Timer နဲ့ Calendar တို့လို Widget တွေကို ပြသနိုင်ပါတယ်။ Digital Photo Frame အဖြစ်လည်း သုံးနိုင်မှာ ဖြစ်ပြီး Netflix နဲ့ YouTube တို့လို Third-party Video Streaming App တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Amazon to launch a new 15-inch, wall-mountable Echo device

အဲဒီပွဲမှာ ကြေညာနိုင်တဲ့ နောက်ထပ် ထုတ်ကုန်တွေက TV Soundbar နဲ့ ဒုတိယမျိုးဆက် Echo Auto တွေ ဖြစ်ပါတယ်။ TV Soundbar က စပီကာ ဖြစ်ပြီး Echo Auto က ကားထဲမှာ Alexa ကို အသုံးပြုနိုင်တဲ့ Device ဖြစ်ပါတယ်။ အဲဒီ ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။

Amazon to launch a new 15-inch, wall-mountable Echo device

Ref : gsmarena