အမေရိကန် Homeland Security ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ Cybersecurity and Infrastructure Security Agency (CISA) iPhone, iPad ဒါမှမဟုတ် MacBook ကို Update မလုပ်ရင် ကြီးမားတဲ့အန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်းကို သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မကြာသေးခင်ကပဲ တိုက်ခိုက်သူဟာ Apple ရဲ့ အားနည်းချက်ကို အသုံးချခဲ့ကြောင်း ကုမ္ပဏီက ဝန်ခံခဲ့ပါတယ်။ ပိုပြီးသတိထားသင့်တာကတော့ Apple ရဲ့ ပုံမှန် Updates တွေနဲ့ပတ်သက်ရင် တုံ့ပြန်လေ့မရှိတဲ့ အေဂျင်စီ CISA က ဒီတစ်ခါမှာတော့ အရေးတကြီးမွမ်းမံဖို့၊ Update လုပ်ဖို့ ထုတ်ပြန်ကြေညာလာတာကြောင့်ပဲ ဖြစ်ပါတယ်။ အေဂျင်စီက ထုတ်ပြန်ထားတဲ့ ဆိုက်ဘာရာဇဝတ်ကောင်တွေ အသုံးပြုတဲ့ Recognized vulnerabilities စာရင်းမှာ Apple နဲ့ Microsoft ထုတ်ကုန်တွေက ချို့ယွင်းချက်အသစ် လေးခုကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆိုက်ဘာရာဇဝတ်မှုရဲ့ သားကောင်မဖြစ်စေဖို့အတွက် Apple Device တွေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် Update လုပ်ဖို့ ထုတ်ပြန်နှိုးဆော်ထားတာလည်း ဖြစ်ပါတယ်။ အကယ်၍ Update မလုပ်ရင်တော့ ကိုယ်ရေးကိုယ်တာ ဒေတာတွေဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ တိုက်ခိုက်သူတွေဟာ Device မှာ Malware တင်ဖို့ သွေးဆောင်တဲ့နည်းကို အသုံးပြုကြတယ်လို့ သိရပါတယ်။

App တစ်ခုကို Download ဆွဲပြီးတဲ့နောက် SMS, QR code အတုတွေ ဒါမှမဟုတ် Messaging app စတာတွေကတစ်ဆင့် နည်းလမ်းအမျိုးမျိုးသုံးပြီး Device ထဲဝင်ရောက်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ Device ထဲဝင်ရောက်ခွင့်ရသွားတာနဲ့တစ်ပြိုင်နက် အသုံးပြုသူမသိလိုက်ရဘဲ Device တစ်ခုလုံးကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအန္တရာယ်သက်ရောက်မှုအတွက် အရေးတကြီး Update လုပ်ရမဲ့ Device တွေဟာ iPhone 8 နဲ့ iPhone 8 Plus အပါအဝင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ထုတ်ကုန်တွေဖြစ်တယ်လို့ သိရပါတယ်။

စာရင်းအပြည့်အစုံကတော့ −
iPhone X
iPhone XR
iPhone XS
iPhone XS Max
iPhone 11
iPhone 11 Pro
iPhone 11 Pro Max
iPhone SE (2nd generation)
iPhone 12
iPhone 12mini
iPhone 12 Pro
iPhone 12 Pro Max
iPhone 13
iPhone 13mini
iPhone 13 Pro
iPhone 13 Pro Max
iPhone SE (3rd generation)
iPhone 14
iPhone 14Plus
iPhone 14 Pro
iPhone 14 Pro Max
တို့ပဲ ဖြစ်ကြပါတယ်။ အဆိုပါ Device တွေဟာ Operating System ကို iOS 16.3.1 ဆီ အမြန်ဆုံး Update လုပ်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ Device တွေကတော့ iPadOS 16.1, macOS Ventura 13.2.1 ဆီ အမြန်ဆုံး Update လုပ်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Ref: Gizchina