OPPO က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Android 10 အခြေပြု ColorOS 7 ကို ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ OPPO ဖုန်း ၁၀ လုံးအတွက် Android 10 အခြေပြု ColorOS 7 Trial Version ကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီထဲမှာ မကြာခင်က ကြေညာခဲ့တဲ့ စွမ်းရည်မြင့် ဖုန်းတွေလည်း ပါပါတယ်။ အဲဒီ စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

Oppo Reno

Oppo Reno 10x zoom

Oppo Reno2

Oppo F11

Oppo F11 Pro

Oppo R17

Oppo R17 Pro

Oppo Find X

Oppo Find X Automobili Lamborghini Edition

Oppo Find X SuperVOOC Edition

Trial Version ကို လိုချင်ရင် သင့်ဖုန်းရဲ့ Settings > Software Updates Menu ထဲကို သွားပါ။ “Trial Version “ ကို နှိပ်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဖြည့်ပေးပါ။ ပြီးရင် “Apply Now” ကို နှိပ်ပြီး Update ရပြီလားဆိုတာ Software Updates ထဲမှာ ကြည့်နိုင်ပါတယ်။R17 Series အတွက် လူ ၄ ထောင်နဲ့ Find X Series အတွက် လူ ၂ ထောင် စမ်းသပ် အသုံးပြုခွင့်ပေးထားပါတယ်။ အဲဒီအတွက် လိုချင်သူတွေ လက်သွက်ဖို့ လိုပါတယ်။ Trial Version (Beta Version) ဖြစ်တဲ့အတွက် Bugs တွေပါနိုင်ပါတယ်။

Ref : gsmarena