Google က စမတ်ဖုန်းတွေအတွက် Android 11 ကို ကြေညာပြီးနောက် အခုတော့ TV တွေအတွက် Android 11 ကိုချပြလိုက်ပါပြီ။ ဖုန်းက Android 11 လုပ်ဆောင်ချက်တော်တော်များများကို TV အတွက် ထည့်သွင်းပေးထားသလို TV အတွက် အထူး ဖန်တီးထားတဲ့ လုပ်ဆောင်ချက်တွေလည်း ပါလာမှာပါ။

Google က မန်မိုရီကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် စွမ်းဆောင်ရည် တိုးတက်စေတာမျိုးလို Android 11 လုပ်ဆောင်ချက် တချို့ကိုလည်း ဥပမာပေး ရှင်းပြထားပါတယ်။ Privacy ဟာလည်း အရေးကြီးတဲ့အတွက် TV တွေရဲ့ Android 11 မှာ One-time Permission ထည့်သွင်းပေးထားပါတယ်။ Multimedia တွေရဲ့ အရည်အသွေးတွေ တိုးတက်လာတာနဲ့အမျှ TV မှာ ကြည့်ရှုလို့ အဆင်ပြေအောင် Google က Auto Low Latency Mode နဲ့ Low Latency Media Decoding ကို ဖန်တီးပေးထားပါတယ်။ HDMI CEC ရဲ့ လုပ်ဆောင်ချက် အသစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။

System Updates အတွက် Inactivity Prompts , Wake Keys နဲ့ Silent Boot Mode တွေ ပါလာတယ်လို့ Changelog မှာ ဖော်ပြထားပါတယ်။ တိုးတက်မှု အကောင်းဆုံးလို့ ညွှန်းရမှာက Gamepads တွေအတွက် Support တွေ ပိုများပြားလာတာဖြစ်ပြီး Google Stadia Platform ကို အသုံးပြုနေသူတွေအတွက် အရမ်းကို ကျေနပ်စရာပါ။

Google က လာမယ့် လအနည်းငယ်အတွင်းမှာ Android 11 ကို ဖြန့်ချိပေးဖို့ TV ထုတ်လုပ်သူတွေနဲ့  အနီးကပ် ပူးပေါင်း လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

Ref : gsmarena