Unicode

Android စမတ်ဖုန်းတွေဟာ Video ရိုက်ကူးနိုင်စွမ်းမှာ Resolution ပိုင်းနဲ့ Frame Rate တွေမှာ တိုးတက်မှုတွေရှိလာတယ်ဆိုပေမယ့် Android OS မှာ Limitation တစ်ခုက ရှိနေပါတယ်။ ဒါကတော့ Video Recording တစ်ခုဟာ File Size အနေနဲ့ 4GB ထက်ပိုပြီး သိမ်းဆည်းလို့မရတာပဲဖြစ်ပါတယ်။

Flagship စမတ်ဖုန်းတွေအများအပြားက 4K Video တွေကို 30fps တင်မဟုတ်တော့ဘဲ 4K 60fps အထိ ရိုက်ကူးနိုင်လာပြီဖြစ်သလို လာမယ့်နှစ်မှာလည်း 8K Video Recording ကို ရိုက်ကူးနိုင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာပါ။ အဲ့ဒီအချိန်မှာ ဒီသတင်းက ဝမ်းသာစရာသတင်းတစ်ခုဖြစ်လာတယ်လို့ ပြောရမှာပါ။

အခုလက်ရှိမှာ Android ဖုန်းတွေဟာ Video Recording ပြုလုပ်မယ်ဆိုရင် 4GB File Size ပြည့်သွားတဲ့အချိန်မှာ Video Record ပြုလုပ်နေတာက ရပ်သွားတာမျိုးတော့မဟုတ်ဘဲ နောက်ထပ် Video File တစ်ခုအနေနဲ့ ထပ်ပြီး 4GB မပြည့်မခြင်း Record ပြုလုပ်နေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အချိန်ကြာကြာ Resolution အမြင့်နဲ့ Video ရိုက်မယ်ဆိုရင် Video File တွေက 4GB ပြည့်တိုင်း တစ်ခုစီဖြစ်နေမှာပါ။

အဆိုပါ 4GB File Size Limitation ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက စတင်ထည့်သွင်းခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက Mobile Device တွေရဲ့ Hardware Limitation ကြောင့် ထည့်သွင်းခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ဖယ်ရှားပေးတော့မှာဖြစ်ပါတယ်။

Android Open Source Project မှာ Google ကနေ လာမယ့် Major Android Version ဖြစ်တဲ့ Android 11 မှာ “compose/mux files more than 4GB in size” ဆိုပြီး ရေးသားထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Android 11 ဟာ တရားဝင်အနေနဲ့ လာမယ့် မေလ ၂၀၂၀ မှာ ပြုလုပ်မယ့် Google I/O Event မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ပထမဆုံး Beta Version က လာမယ့် မတ်လမှာ ရရှိလာမှာပဲဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

Android စမတ္ဖုန္းေတြဟာ Video ႐ိုက္ကူးႏိုင္စြမ္းမွာ Resolution ပိုင္းနဲ႔ Frame Rate ေတြမွာ တိုးတက္မႈေတြရွိလာတယ္ဆိုေပမယ့္ Android OS မွာ Limitation တစ္ခုက ရွိေနပါတယ္။ ဒါကေတာ့ Video Recording တစ္ခုဟာ File Size အေနနဲ႔ 4GB ထက္ပိုၿပီး သိမ္းဆည္းလို႔မရတာပဲျဖစ္ပါတယ္။

Flagship စမတ္ဖုန္းေတြအမ်ားအျပားက 4K Video ေတြကို 30fps တင္မဟုတ္ေတာ့ဘဲ 4K 60fps အထိ ႐ိုက္ကူးႏိုင္လာၿပီျဖစ္သလို လာမယ့္ႏွစ္မွာလည္း 8K Video Recording ကို ႐ိုက္ကူးႏိုင္တဲ့ စမတ္ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာပါ။ အဲ့ဒီအခ်ိန္မွာ ဒီသတင္းက ဝမ္းသာစရာသတင္းတစ္ခုျဖစ္လာတယ္လို႔ ေျပာရမွာပါ။

အခုလက္ရွိမွာ Android ဖုန္းေတြဟာ Video Recording ျပဳလုပ္မယ္ဆိုရင္ 4GB File Size ျပည့္သြားတဲ့အခ်ိန္မွာ Video Record ျပဳလုပ္ေနတာက ရပ္သြားတာမ်ိဳးေတာ့မဟုတ္ဘဲ ေနာက္ထပ္ Video File တစ္ခုအေနနဲ႔ ထပ္ၿပီး 4GB မျပည့္မျခင္း Record ျပဳလုပ္ေနမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခ်ိန္ၾကာၾကာ Resolution အျမင့္နဲ႔ Video ႐ိုက္မယ္ဆိုရင္ Video File ေတြက 4GB ျပည့္တိုင္း တစ္ခုစီျဖစ္ေနမွာပါ။

အဆိုပါ 4GB File Size Limitation ဟာ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္တုန္းက စတင္ထည့္သြင္းခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္တုန္းက Mobile Device ေတြရဲ႕ Hardware Limitation ေၾကာင့္ ထည့္သြင္းခဲ့တာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ဖယ္ရွားေပးေတာ့မွာျဖစ္ပါတယ္။

Android Open Source Project မွာ Google ကေန လာမယ့္ Major Android Version ျဖစ္တဲ့ Android 11 မွာ “compose/mux files more than 4GB in size” ဆိုၿပီး ေရးသားထားခဲ့တာျဖစ္ပါတယ္။ အဆိုပါ Android 11 ဟာ တရားဝင္အေနနဲ႔ လာမယ့္ ေမလ ၂၀၂၀ မွာ ျပဳလုပ္မယ့္ Google I/O Event မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး ပထမဆုံး Beta Version က လာမယ့္ မတ္လမွာ ရရွိလာမွာပဲျဖစ္ပါတယ္။

Ref – GSM Arena