Google ဟာ နှစ်တိုင်း Android Version အသစ်တွေကို ထုတ်ပေးနေကြဖြစ်ပြီး ယခုနှစ်အတွက် Android 12 Developer Preview ကိုလည်း မကြာခင်မှာမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android 12 မှာ ပါဝင်လာနိုင်တဲ့ Feature အသစ်တွေရဲ့ သတင်းကလည်း ဆက်တိုက်ထွက်ရှိနေပြီဖြစ်ပါတယ်။

အခုလည်း Android 12 မှာ ယခင် Android Version တွေမှာပါဝင်ခဲ့တဲ့ System-level Dark Mode ကို အဆင့်မြှင့်တင်ထားတဲ့ Theme Engine အသစ်ကို ထည့်သွင်းလာနိုင်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Theme Support ပြုလုပ်လိုက်တာက ပုံမှန်အားဖြင့် တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေမှာ တွေ့ရတာများပေမယ့် အခုလိုမျိုး Android OS မှာ Built-in ပါဝင်မှာကတော့ ပထမဆုံးဖြစ်လာမှာပါ။

အခုလိုမျိုး System-level Theme Engine ပါဝင်လာတာက ပုံမှန် System Setting တွေနဲ့ System App တွေအပြင် တခြားသော Third-party App တွေကိုပါ အရောင်တွေပြောင်းလဲနိုင်သလို User Interface ကိုပါ ပြောင်းလဲနိုင်သွားမှာဖြစ်ပါတယ်။ လက်ရှိသိထားတဲ့သတင်းတွေအရတော့ Google ဟာ အသုံးပြုသူတွေကို “Primary” နဲ့ “Accent” အရောင် ၂ မျိုးကို အရင်ဆုံးပြောင်းလဲခွင့်ပြုသွားမယ်လို့ သိရပါတယ်။

Google ဟာ Android 10 မှာ System-level Dark Theme ကို စတင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Android 12 မှာလည်း ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်ကို ပြောင်းလဲနိုင်မယ်ဆိုတာကတော့ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android 12 ဟာ ယခုနှစ်ဝက်နောက်ပိုင်းမှ Google Pixel ဖုန်းတွေအတွက် Stable Update ရရှိမှာဖြစ်တဲ့အတွက် တခြားသော Android စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ကတော့ အချိန်အတော်ကြာစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Gizmo China