Google ဟာ ပြီးခဲ့တဲ့ Android 6.0 Marshmallow မှာထဲက Application ၂ ခုကို တပြိုင်တည်းအသုံးပြုနိုင်တဲ့ Split View Feature ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Split View Feature ဟာ မိတ်ဆက်ခဲ့တာ သက်တမ်း ၅ နှစ်ကျော်ရှိနေပြီဆိုပေမယ့် အခုအချိန်အထိ လူတိုင်းအသုံးပြုနေကြတဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Google ကနေ လာမယ့် Android Version 12 မှာ Split View Feature ကို ပိုပြီးကောင်းမွန်အောင် Update ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Feature က ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာကို အတိအကျမသိရှိရသေးပေမယ့် နာမည်ကိုတော့ App Pairs လို့ ပေးထားတယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာကတော့ Application ၂ မျိုးကို စိတ်ကြိုက် Pair ထားနိုင်ပြီး Icon တစ်ခုကို နှိပ်လိုက်တာနဲ့ အဆိုပါ App ၂ မျိုးစလုံးကို တပြိုင်တည်းအသုံးပြုနိုင်အောင် ဖွင့်ပေးမယ်လို့ ယူဆရပါတယ်။ အလားတူ Feature တစ်ခုကို Samsung အပါအဝင် တချို့သော စမတ်ဖုန်းထုတ်လုပ်သူတွေက ယခင်ထဲက မိတ်ဆက်ထားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး Android OS မှာ ပါဝင်လာမယ်ဆိုတာက ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ Android စမတ်ဖုန်းတွေအကုန်လုံးမှာ ရရှိလာနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Android 12 မှာ User ကနေ Installed ပြုလုပ်ထားတဲ့ Application တွေကို Internet Access ဖြတ်ထားနိုင်တဲ့ Restricted Networking Mode လည်းပါဝင်မယ်လို့ သိရပါတယ်။

Android 12 Developer Preview ကိုတော့ လာမယ့် ဖေဖော်ဝါရီလနောက်ပိုင်းမှာ စတင်ထုတ်ပေးသွားမှာဖြစ်ပြီး ပထမဆုံး Public Beta ကိုတော့ မေလ သို့မဟုတ် ဇွန်လပိုင်းမှရရှိလာဖွယ်ရှိနေပါတယ်။

Ref – GSM Arena