Esper ရဲ့ သတင်းအရ Google ဟာ စမတ်ဖုန်း ၁ လုံးထဲမှာ SIM Card ၂ ခု အသုံးပြုတဲ့ လူတွေအတွက် အကျိုးရှိစေမယ့် Android 13 လုပ်ဆောင်ချက် ၁ ခုကို ဖန်တီးနေပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူတွေအတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပြီး SIM Card Slot တွေနေရာမှာ တချို့ ဟာ့ဒ်ဝဲ အပိုတွေ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Google is working on Android 13 to allow two carrier connections on one eSIM. technology news - Ram Bhoomi

Google ဟာ eSIM ၁ ခုထဲမှာ Carrier Profile ၂ ခုကို ထည့်သွင်း အသုံးပြုနိုင်ပြီး ကွန်ရက်တွေအကြားမှာ လွယ်ကူစွာ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Multiple Enabled Profiles (MEP) လုပ်ဆောင်ချက်ကို Android 13 မှာ ထည့်သွင်းဖို့ ဖန်တီးနေပါတယ်။ Google ဟာ အဲဒီ လုပ်ဆောင်ချက် အသစ်ရဲ့ Patent ကို ၂၀၂၀ ခုနှစ်မှာ မှတ်ပုံတင်ထားခဲ့တာ ဖြစ်ပြီး လက်ရှိ SIM Interface ကို ဒစ်ဂျစ်တယ် ဆက်သွယ်မှု ၂ ခုထဲသို့ ခွဲခြား ထည့်သွင်းတဲ့ လုပ်ဆောင်ချက်လို့ Patent မှာ ဖော်ပြထားပါတယ်။ Google ဟာ အဲဒီ လုပ်ဆောင်ချက်ကို Engineering Pixel ဟာ့ဒ်ဝဲမှာ စမ်းသပ်နေတယ်လို့ အရင်က သတင်းထွက်ခဲ့ပါသေးတယ်။

Android 13 May Let You Connect to Two Carriers on a Single eSIM - CNET

တစ်ခြားဖက်ကကြည့်ရင် စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ SIM Card Slot နေရာမှာ တခြား ဟာ့ဒ်ဝဲ အပိုတွေ ထည့်သွင်းလာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် microSD Card တွေ ပြန်လည် ထည့်သွင်းလာနိုင်သလို ပိုမို အရွယ်အစားကြီးမားတဲ့ ဘက်ထရီတွေ မြင်လာရနိုင်ပါတယ်။

Esper က အဲဒီ လုပ်ဆောင်ချက်ကို Android 13 မှာ မိတ်ဆက်မယ်လို့ မျှော်လင့်ထားပေမယ့် Android မှာသာမကဘဲ iOS နဲ့ Windows မှာတောင် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Ref : gsmarena