Google ဟာ ယခင်ကတည်းက True Wireless Earbuds တွေလိုမျိုး Bluetooth Device တွေအတွက် Fast Pair နည်းပညာကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါကတော့ ဖုန်း Setting ထဲကနေ Bluetooth Device ကို ရှာပြီး Connect ပြုလုပ်နေမယ့်အစား ဖုန်းဘေးနားမှာ ထားလိုက်တာနဲ့ အလိုအလျောက် Connect ပြုလုပ်နိုင်အောင် လုပ်ထားတဲ့နည်းပညာဖြစ်ပါတယ်။

အဆိုပါ Fast Pair နည်းပညာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခုနောက်ပိုင်းမှ အသုံးပြုတဲ့ Device တွေများပြားလာတာဖြစ်ပါတယ်။ အခုလည်း Google ကနေ Fast Pair UI ကို ပြောင်းလဲမှုတွေ ထပ်မံပြုလုပ်လာတယ်လို့ သိရပါတယ်။

ဒါကတော့ လက်ရှိအချိန်မှာ TWS Earbuds လိုမျိုး Fast Pair Support ပြုလုပ်တဲ့ Device ကို ချိတ်ဆက်မယ်ဆိုရင် အဆိုပါ Device ရဲ့ ဓါတ်ပုံကိုပါ ဖော်ပြပေးသွားမှာဖြစ်ပြီး ချိတ်ဆက်မှုကို ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။ ဒါက လက်ရှိ iOS Device တွေမှာ AirPods လိုမျိုး Accessory တွေနဲ့ ချိတ်ဆက်တဲ့ UI Design နဲ့ ပိုပြီးဆင်တူလာတာဖြစ်ပါတယ်။

နောက်ထပ်ပြောင်းလဲမှုတစ်ခုကလည်း Apple လိုမျိုးပဲ ချိတ်ဆက်လိုက်တဲ့ Device တွေကို Google Account နဲ့ပါ Pair ပြုလုပ်ထားမှာဖြစ်တဲ့အတွက် Device ပြောင်းလဲအသုံးပြုမယ်ဆိုရင်လည်း Device အသစ်မှာပါ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Bluetooth Device တွေရဲ့ Battery Percentage ကို ဖော်ပြတဲ့နေရာမှာတော့ iOS လိုမျိုးမဟုတ်သေးဘဲ ပုံမှန်အတိုင်း Compact Notification စနစ်ကိုပဲ ဆက်လက်အသုံးပြုထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါက TWS Earbuds တွေကို Android ဖုန်းတွေနဲ့အသုံးပြုတတ်တဲ့သူတွေအတွက် ပိုပြီးအသုံးဝင်လာမယ်လို့ ယူဆရပါတယ်။

Ref – 9to5Google