Anker ဟာ Power Bank တွေနဲ့ Charger တွေအပြင် Audio စျေးကွက်မှာလည်း နေရာတစ်ခုရရှီနေပြီဖြစ်ပါတယ်။ အခုလည်း Active Noise Cancellation Feature ပါဝင်တဲ TWS Earbuds အသစ်ကို စျေးကွက်ထဲကို မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ Earbuds နာမည်ကိုတော့ Soundcore Liberty Air 2 Pro လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ အဓိက Feature အနေနဲ့ကတော့ လက်ရှိ AirPods Pro အပါအဝင် တခြား High End TWS Earbuds တွေမှာပဲ ပါဝင်နေသေးတဲ့ Active-Noise Cancellation (ANC) Feature ကို ထည့်သွင်းထားနိုင်တာဖြစ်ပါတယ်။

Anker Soundcore Liberty Air 2 Pro ဟာ Design ပိုင်းအနေနဲ့ကတော့ ယခင် Anker TWS Earbuds တွေကနေ သိသိသာသာကွာခြားသွားမှာမဟုတ်ပါဘူး။ Earbud တစ်ခုချင်းစီမှာ 11mm PureNote Driver နဲ့ Microphone ၃ ခုစီ ပါဝင်မယ်လို့ သိရပါတယ်။

ANC Mode အနေနဲ့လည်း Transport ၊ Indoor ၊ Outdoor ဆိုပြီး Mode ၃ မျိုးပါဝင်မှာဖြစ်ပြီး ဘေးဘက်ပြင်ပပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်ဖို့အတွက် Total နဲ့ Focus on Vocal ဆိုပြီး Transparency Mode ၂ မျိုး ထည့်သွင်းထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ANC Feature တွေအနေနဲ့ တော်တော်လေးကို စုံလင်တယ်လို့ ပြောနိုင်ပါတယ်။

Battery ပိုင်းအနေနဲ့က ANC ကို အသုံးပြုမယ်ဆိုရင် Earbuds အနေနဲ့ ၆ နာရီ၊ Charging Case နဲ့ တွဲဖက်ပြီး အသုံးပြုမယ်ဆိုရင် ၂၁ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ANC Feature ကို ပိတ်ထားမယ်ဆိုရင်တော့ Earbuds အနေနဲ့ ၇ နာရီနဲ့ Charging Case နဲ့ တွဲဖက်ပြီး ၂၆ နာရီအထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ တခြားသော Feature တွေအနေနဲ့ Bluetooth 5.0 ၊ IPX4 ၊ SBC နဲ့ AAC Codec တွေကို Support ပေးသွားမှာဖြစ်ပါတယ်။

ပြန်လည်အားသွင်းတဲ့အချိန်မှာလည်း USB-C Charging အပြင် Wireless Charging ကိုပါ ရရှိမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ $130 (မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China