Huawei နဲ့ Xiaomi တို့လို တရုတ် ကုမ္ပဏီတွေဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်လာကြပါတယ်။ အခုတော့ Geely ရဲ့ ကုမ္ပဏီ Meizu ကလည်း ဒီနှစ်နှောင်းပိုင်းမှာ ပထမဆုံး လျှပ်စစ်ကားကို ကြေညာတော့မှာပါ။

ဒီသတင်းကို Meizu COO Liao Qinghong က ChinaJoy 2024 ပြပွဲမှာ ကြေညာလိုက်တာ ဖြစ်ပြီး သူက အဲဒီကားဟာ သမားရိုးကျ ကား ကုမ္ပဏီရဲ့ ကားတွေနဲ့ မတူညီတဲ့ Function ပါလာမယ်လို့ ပြောပါတယ်။

Meizu DreamCar MX ကို Geely က ထုတ်လုပ်ပေးမှာ ဖြစ်ပြီး SEA (Sustainable Experience Architecture) ပလက်ဖောင်းပေါ်မှာ အခြေပြု တည်ဆောက်ထားမှာပါ။ အစောပိုင်း ဓါတ်ပုံတွေအရ ကားဒီဇိုင်း လှပပါတယ်။

Meizu ဟာ အဲဒီကားကို ထုတ်လုပ်ဖို့ User တွေကို အာရုံစိုက်ထားပါတယ်။ ဇန်နဝါရီလမှာ ကုမ္ပဏီက DreamCar MX Community ကို တည်ထောင်ခဲ့ပြီး ကား ဒီဇိုင်းနဲ့ ပတ်သက်ပြီး Fans တွေရဲ့ အကြံတွေကို ရယူခဲ့ပါတယ်။ ကားရဲ့အရောင်၊ Flyme Auto Themes နဲ့ တခြား အစိတ်အပိုင်းတွေအတွက်လည်း အကြံတောင်းခဲ့ပါတယ်။

တရုတ် လျှပ်စစ်ကား ဈေးကွက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး BYD နဲ့ Tesla တို့က အုပ်စိုးထားပါတယ်။ Meizu ဟာ အဲဒီဈေးကွက်မှာ အောင်မြင်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina