ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆေးတဲ့ Antutu က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွက် စွမ်းရည် အမြင့်ဆုံး ဖုန်း ၁၀ လုံးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်ကနေ ၃၁ ရက်အတွင်း ကောက်ယူတဲ့ ဒေတာတွေကို အခြေခံကာ တွက်ချက်ထားတာ ဖြစ်ပြီး နံပါတ် ၁ နေရာကို Snapdragon 888 Chipset ပါတဲ့ ၁ လုံးထဲသော ဖုန်း ဖြစ်တဲ့ Xiaomi Mi 11 က သိမ်းပိုက်ထားပါတယ်။

Xiaomi Mi 11 tops December chart on AnTuTu

Mi 11 အနောက်မှာ အမှတ် မတိမ်းမယိမ်းနဲ့ လိုက်နေရာက Huawei Mate 40 Pro+ နဲ့ Mate 40 Pro တို့ ဖြစ်ပြီး အဲဒီဖုန်းတွေမှာ Kirin 9000 ထည့်ထားတာပါ။ ထိပ်ဆုံး ၁၀ လုံးစာရင်းမှာ Exynos Chipset ပါတဲ့ ဖုန်း ၁ လုံးမှ မပါလာပါဘူး။ ထူးခြားတာက စာရင်းမှာ Xiaomi , Huawei နဲ့ Vivo တို့ရဲ့ ဖုန်းတွေပဲ ပါလာတာဖြစ်ပြီး Samsung ဖုန်း ၁ လုံးမှ မပါလာတာပါ။

Xiaomi Mi 11 tops December chart on AnTuTu

Antutu က စွမ်းရည်သင့် ဖုန်း စာရင်းကိုလည်း ကြေညာလိုက်ပြီး ထိပ်ဆုံး ၈ နေရာကို Xiaomi နဲ့ Huawei တို့က သိမ်းပိုက်ထားပါတယ်။ OPPO က နံပါတ် ၉ နဲ့ realme က နံပါတ် ၁၀ နေရာကို ရထားပါတယ်။ ဒီစာရင်းမှာ Mediatek Dimensity 820 နဲ့ Kirin 985 စမတ်ဖုန်းတွေ ကြီးစိုးနေတာ မြင်ရပြီး ပြိုင်ဖက်တွေကို နောက်ကောက်ချထားပါတယ်။

လာမယ့် ၁ လ ၊ ၂ လအတွင်းမှာ Snapdragon 888 Chipset ပါတဲ့ စမတ်ဖုန်းတွေ အများအပြား ထွက်လာမှာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်မြင့် ဖုန်း စာရင်းမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena