AnTuTu က လတိုင်း အကောင်းဆုံး Flagship Killer ဖုန်းစာရင်းကို ထုတ်ပြန်လေ့ရှိပြီး အခုတော့ စက်တင်ဘာလအတွက် ကြေညာလိုက်ပါတယ်။ အဲဒီစာရင်းမှာ ပြီးခဲ့တဲ့ လအနည်းငယ်က စာရင်းနဲ့ သိပ်မကွာခြားဘဲ OnePlus Ace V3 , realme GT Neo 6 SE နဲ့ Redmi K70E တို့ဟာ ထိပ်ဆုံး ၃ နေရာကို ရယူထားပါတယ်။

AnTuTu top 10

စက်တင်ဘာလရဲ့ အကောင်းဆုံး Flagship Killer ဖုန်း ၁၀ လုံးကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • OnePlus Ace 3V (Snapdragon 7+ Gen 3, 12 GB RAM, 512 GB storage): 1,423,762 points
  • realme GT Neo 6 SE (Snapdragon 7+ Gen 3, 12 GB RAM, 256 GB storage): 1,363,933 points
  • Redmi K70E (Dimensity 8300-Ultra, 12 GB RAM, 512 GB storage): 1,354,128 points
  • realme GT Neo 5 SE (Snapdragon 7+ Gen 2, 16 GB RAM, 1 TB storage): 1,147,031 points
  • Redmi Note 12 Turbo (Snapdragon 7+ Gen 2, 16 GB RAM, 1 TB storage): 1,129,640 points
  • iQOO Z8 (Dimensity 8200, 12 GB RAM, 512 GB storage): 968,299 points
  • iQOO Neo 7 SE (Dimensity 8200, 12 GB RAM, 256 GB storage): 950,024 points
  • Redmi Note 12T Pro (Dimensity 8200, 12 GB RAM, 256 GB storage): 871,132 points
  • iQOO Z9 (Snapdragon 7 Gen 3, 12 GB RAM, 256 GB storage): 816,840 points
  • Redmi Note 14 Pro+ (Snapdragon 7s Gen 3, 16 GB RAM, 512 GB storage): 774,120 points

စာရင်းမှာ ပါလာတဲ့ ဖုန်း အသစ်က Redmi Note 14 Pro+ ဖြစ်ပြီး နံပါတ် ၁၀ နေရာမှာ ရှိနေပါတယ်။ နောက်ထွက်မယ့် Redmi Turbo 4 မှာ Snapdragon 8s Gen 3 Processor ပါလာမယ်လို့ သတင်းထွက်နေတဲ့အတွက် Flagship Killer စာရင်းမှာ ထိပ်ဆုံးကို ရောက်သွားနိုင်ပါတယ်။

Ref : gizmochina