Bloomberg ရဲ့ Mark Gurman က Apple ဟာ Apple Watch Series မှာ ကင်မရာ ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ Apple ရဲ့ စမတ်နာရီတွေမှာ Visual Intelligence Feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Gurman: Apple is exploring Apple Watches with cameras

Visual Intelligence ဟာ AI ကို အသုံးပြုပြီး Device တွေဟာ ပတ်ဝန်းကျင်က အရာတွေနဲ့ ဆက်သွယ်မှု ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီ Feature ဟာ iOS 18.2 နဲ့ အထက်ပါတဲ့ iPhone 16 Series တွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Google က နှစ်များစွာ အကြာကတည်းက Lens မှာ ပြုလုပ်ထားတဲ့ ဖန်ရှင်တွေနဲ့ တူညီပါတယ်။

Apple Watch: Everything You Need to Know

Apple Watch နဲ့ Watch Ultra ၂ မျိုးစလုံးမှာ ကင်မရာ တပ်ဆင်ထားမယ်လို့ ထင်ရပါတယ်။ Apple Watch မှာ ကင်မရာကို Display ထဲမှာထည့်သွင်းထားနိုင်ပြီး Ultra မှာ Crown နဲ့ ပါဝါခလုတ်ဘေးမှာ တပ်ဆင်ထားနိုင်ပါတယ်။ Gurman က ကင်မရာ ပါတဲ့ Apple Watch ကို ၂၀၂၇ ခုနှစ်မှာ ရောင်းချနိုင်တယ်လို့ ပြောပါတယ်။

ကင်မရာ ပါတဲ့ Apple Watch အပြင် Apple က ကင်မရာပါတဲ့ AirPods ကို စမ်းသပ်နေတယ်လို့ ဒီလ အစောပိုင်းက သတင်းထွက်ခဲ့ပါတယ်။

Ref : gsmarena