iPhone အသစ် ကြေညာပြီးတိုင်း ဂယက်ထကြတာ ထုံးစံပါပဲ။ ဒီနှစ်မှာ ရောင်းချခဲ့တဲ့ iPhone 15 Pro Series တွေမှာ အပူလွန်ကဲတဲ့ ပြဿနာ ရှိတယ်လို့ သတင်းများစွာ ထွက်နေပါတယ်။ အခုတော့ Apple က အဲဒီ ပြဿနာကို သိနားလည်ကြောင်းနဲ့ Software Update နဲ့ ဖြေရှင်းပေးဖို့ ကြိုးစားနေတယ်လို့ ပြောလိုက်ပါတယ်။

Apple comments on iPhone 15 Pro series overheating issues, promises fix

Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က “ iPhone ဟာ ပုံမှန်ထက် အပူလွန်ကဲစေတဲ့ အကြောင်းအရင်း အနည်းငယ်ကို တွေ့ရှိထားပါတယ်။ ဖုန်းကို Set Up လုပ်အပြီး ပထမဆုံး ရက်အနည်းငယ်မှာ အပူလွန်ကဲနေတာကို တွေ့ရပါတယ်။ ဒါဟာ Background Activity တွေ များလို့ ဖြစ်ပါတယ်။ User တချို့ကို ထိခိုက်စေတဲ့ Bug ၁ ခုကိုလည်း iOS 17 မှာတွေ့ရပြီး Software Update နဲ့ ဖြေရှင်းပေးမှာပါ။ နောက်ထပ် ပြဿနာ ၁ ခုလည်း မကြာခင်က Update ထွက်လာတဲ့ Third-party Apps တွေမှာ တွေ့ရပြီး System ကို Overload ဖြစ်စေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ App Developer တွေနဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

iPhone 15 Pro: Everything We Know | MacRumors

လေ့လာဆန်းစစ်သူ တချို့က iPhone 15 Pro Series အပူလွန်ကဲတာဟာ Chip ကြောင့် မဟုတ်ဘဲ Apple က ဖုန်း အလေးချိန်ကို လျှော့ချချင်တာကြောင့် အပူစုပ်ယူတဲ့ ဧရိယာကို သေးငယ်အောင် ပြုလုပ်ထားတာကြောင့်လို့ ပြောပါတယ်။ တိုက်တေနီယမ် ဖရိမ် အသစ်ကြောင့်လည်း အပူလွန်ကဲရတာလို့ သုံးသပ်ထားကြပါတယ်။

Ref : gsmarena