Apple ကနေ အခုအချိန်မှာ iPhone 12 Series ဖုန်းတွေထဲက iPhone 12 နဲ့ iPhone 12 Pro ဖုန်းတွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series ဖုန်းတွေထဲမှာ အဓိကအားသာချက်တစ်ခုက Dolby Vision HDR Video Recording ကို Support ပေးလာတာပဲဖြစ်ပါတယ်။ ပုံမှန် iPhone 12 Series မှာတေ့ာ 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး iPhone 12 Pro နဲ့ 12 Pro Max ဖုန်းတွေမှာတော့ 60fps အထိ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

ဒီလိုမျိုး Dolby Vision Video Recording ပြုလုပ်နိုင်တာက iPhone 12 အသုံးပြုမယ့်သူတွေကို ယခင်ကထက် ပိုပြီး အရည်အသွေးကောင်းမွန်တဲ့ Video တွေကို ဖန်တီးနိုင်စေမှာပဲဖြစ်ပါတယ်။ ယခင်ထဲက iPhone တွေဟာ တခြားသော စမတ်ဖုန်းတွေထက် Video Recording ပိုင်းမှာ သိသိသာသာကို အားသာနေတာဖြစ်ပြီး အခု iPhone 12 Series ဖုန်းတွေမှာ ပိုပြီး ကွာဟချက်များပြားလာတော့မှာပါ။

Apple ဟာ iPhone 12 Series ဖုန်းတွေရဲ့ Photos Library ထဲမှာ အဆိုပါ Dolby Vision HDR Video တွေကို Edit ပြုလုပ်နိုင်အောင် ပြုလုပ်ပေးထားပေမယ့်လည်း တခြားသော iPhone တွေနဲ့ Device တွေမှာတော့ Display နဲ့ Editing ပြုလုပ်တဲ့ Software က Dolby Vision HDR ကို Support ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Photos Library ထက်ပိုပြီး သေချာ Edit ပြုလုပ်နိုင်ဖို့အတွက် iMovie ကိုပါ HDR Support ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

iMovie ဟာ Apple iDevice တွေအတွက် ယခင်ထဲက အသုံးများတဲ့ Video Editing App တစ်ခုဖြစ်ပြီး အခုလိုမျိုး HDR Support Update ကို iPhone SE (2020) ၊ iPhone 8 Plus ၊ iPhone X နဲ့ နောက်ပိုင်း iPhone တွေ၊ iPad Mini 5 ၊ iPad 7th gen ၊ iPad Air 3 ၊ 10.5″ iPad Pro နဲ့ နောက်ပိုင်း iPad တွေမှာပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ HDR Support အပြင် Animated Titles အသစ်တွေ၊ Solid ၊ Gradient နဲ့ Patterned Background တွေနဲ့ Filter Intensity ကို ပြန်ထိန်းညှိနိုင်မယ့် Slider တွေပါ ယခု Update နဲ့အတူ ပါဝင်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 12 Series ကို အသုံးပြုနေတယ်ဆိုရင် အခုလိုမျိုး iMovie ကို အသုံးပြုပြီး Dolby Vision HDR Video တွေကို စိတ်ကြိုက်ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Ref – Engadget