နာမည်ကြီး လေ့လာဆန်းစစ်သူနဲ့ Apple သတင်းတွေကို ကြိုတင်ဟောကိန်းထုတ်တဲ့ Ming-Chi Kuo က iPhone 15 Pro နဲ့ iPhone 15 Pro Max မှာ Physical Button တွေ ဖယ်ရှားထားမယ်လို့ အရင်နှစ် အောက်တိုဘာလက ပြောခဲ့ပါတယ်။
အခုတော့ Kuo ဟာ အဲဒီ ပြောကြားချက်ကို ထပ်လောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။ Apple Supply Chain Partners တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ နောက်ဆုံး စစ်တမ်းအရ iPhone 15 Pro နဲ့ Pro Max ကို ဒီနှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပြီး Physical Button or Clickable Button တွေ မပါလာနိုင်ဘူးလို့ သိရပါတယ်။
Physical Button တွေအစား အဲဒီ စမတ်ဖုန်း ၂ လုံးမှာ Solid State Button တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး သင် ထိတွေ့တဲ့အခါမှာ Physical Button အရသာကို တုပပေးနိုင်ဖို့ Taptic Engines တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Cirrus Logic ဟာ အဲဒီ Solid State Button တွေအတွက် Taptic Engine ရဲ့ Controller IC တွေကို အဓိက ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်တဲ့အတွက် iPhone 15 Pro နဲ့ Pro Max ကြောင့် အကျိုးအမြတ်များစွာ ရလာမှာ ဖြစ်ပါတယ်။ Kuo က Apple ရဲ့ Virtual Button တွေကို လူတွေ နှစ်သက်ကြတယ်ဆိုရင် တခြား ကုမ္ပဏီတွေကလည်း အဲဒီ Solid State Button တွေကို စမတ်ဖုန်းတွေမှာ တုပ ထည့်သွင်းလာကြမယ်လို့ ပြောပါတယ်။
Ref : gsmarena