ကနေဒါ ရဲဌာနက သူခိုးဂိုဏ်း ၁ ခုဟာ Apple AirTags ကို သုံးကာ တန်ဖိုးကြီးကားတွေကို ခိုးယူနေတယ်လို့ York ဒေသခံတွေကို သတိပေးလိုက်ပါတယ်။ York ရဲဌာနက စက်တင်ဘာလက စတင်ကာ အဲဒီ နည်းလမ်းနဲ့ ခိုးယူနေတာလို့ ပြောပါတယ်။

Apple Airtags

သူခိုးတွေဟာ ကားပါကင်နဲ့ ယာဉ်ကြောပိတ်ဆို့နေတဲ့ နေရာတွေမှာ AirTags ကို ပိုင်ရှင်တွေ မမြင်နိုင်တဲ့ နေရာတွေမှာ ကပ်ကြပါတယ်။ အဲဒီကားတွေ အိမ်ပြန်ရောက်သွားတဲ့ အခါမှာ သူခိုးတွေက AirTags အကူအညီနဲ့ တည်နေရာကို ခြေရာခံပြီး ခိုးယူကြတာ ဖြစ်ပါတယ်။ သူခိုးတွေဟာ ဝက်အူလှည့်တွေနဲ့ကားထဲကို ဝင်ကြတာလို့လည်း ရဲဌာနကပြောပါတယ်။

AirTag (4Pack) (Apple) | Dr Mac Mandalay

ရဲဌာနက ကားတွေ အခိုးမခံရအောင် အကြံပေးထားပြီး York သာမက ကနေဒါ ၁ နိုင်ငံလုံးမှာ အဲဒီ အကြံပေးချက်တွေက အသုံးဝင်ပါတယ်။ ရဲဌာနက ကားအများစု အခိုးခံရတာဟာ ကားပါကင်နဲ့ လမ်းတွေပေါ်မှာ ရပ်နားထားတာကြောင့် ဖြစ်တဲ့အတွက် ကားတွေကို တံခါးခတ်ထားတဲ့ ကားဂိုဒေါင်မှာပဲ ထားရှိဖို့ အကြံပေးထားပါတယ်။ Steering Wheel ကိုလည်း Lock ချထားသင့်ပြီး Onboard ကွန်ပြူတာကို ပြင်ဆင်ခြင်းမှ ကာကွယ်နိုင်အောင် Data Port ကိုပါ Lock ပြုလုပ်ထားသင့်ပါတယ်။ ကားကို အချိန်ပြည့် စောင့်ကြည့်ပေးနိုင်တဲ့ လုံခြုံရေး ကင်မရာတွေကိုလည်း တပ်ဆင်ထားသင့်တယ်လို့ ရဲဌာနက ပြောပါတယ်။

Apple က iOS 15.2 မှာ သင် ပိုင်တာ မဟုတ်တဲ့ AirTags တွေကို ခြေရာခံနိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က သူခိုးတွေ ကားမှာ တပ်ဆင်ထားတဲ့ AirTags ကို ကားပိုင်ရှင်တွေက ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အခုလို ရှာဖွေနိုင်ရင်တော့ ကားခိုးမှုတွေ လျော့နည်းသွားနိုင်ပါတယ်။

Ref : gizmochina