Apple ဟာ နောက်လမှာ ကြေညာမယ့် iPhone 14 မှာ ဂြိုလ်တု ဆက်သွယ်ရေး လုပ်ဆောင်ချက် ထည့်သွင်းထားနိုင်တယ်လို့ ကယ်လီဖိုးနီးယား အခြေစိုက် သုတေသန အဖွဲ့အစည်း Telecom , Media and Finance Associates မှ အကြံပေး Tim Farrar က ပြောပါတယ်။

Apple Event Far Out Feature

Apple ဟာ iPhone 14 မှာ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းပေးဖို့ Globalstar နဲ့ ပူးပေါင်းထားပါတယ်။ ဖေဖော်ဝါရီလမှာ Globalstar က အရေးကြီး Customer ၁ ယောက်အတွက် စဉ်ဆက်မပြတ် ဂြိုလ်တု ဝန်ဆောင်မှု ပံ့ပိုးပေးဖို့ ဂြိုလ်တု အသစ် ၁၇ ခုကို ဝယ်ယူထားတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ အရေးကြီး Customer က Apple ဖြစ်နိုင်ပါတယ်။ Farrar က အစောပိုင်းမှာ ဂြိုလ်တု ဆက်သွယ်ရေးကို အခမဲ့ ပေးသုံးမှာ ဖြစ်ပြီး အပြန်အလှန် စာပေးပို့နိုင်မယ်လို့ ပြောပါတယ်။

iPhone 14 Is Just a Few Weeks Away: Three Tips to Prepare for the New iPhone - MacRumors

Bloomberg ရဲ့ Mark Gurman က Apple ဟာ iPhone တွေအတွက် ဂြိုလ်တု ဆက်သွယ်ရေးကို ဖန်တီးနေတယ်လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ပြောခဲ့ပါတယ်။ ဒီနှစ် အစောပိုင်းမှာ Gurman က Apple ဟာ အဲဒီ လုပ်ဆောင်ချက်ကို ဖန်တီးနေတယ်လို့ ထပ်မံ အတည်ပြုခဲ့ပြီး ဒီနှစ် နှောင်းပိုင်းမှာ ထွက်မယ့် iPhone 14 အတွက် အဆင်သင့် ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ Gurman က အဲဒီ လုပ်ဆောင်ချက်ဟာ အရေးပေါ် အခြေအနေတွေအတွက် ရည်ရွယ်ထားပြီး iPhone User တွေဟာ အာဏာပိုင်တွေ၊ မိသားစုဝင်တွေဆီ အရေးပေါ် သတင်းအချက်အလက်ကို ပေးပို့နိုင်မယ်လို့ ပြောပါတယ်။ သူက အဲဒီ လုပ်ဆောင်ချက်ကို Apple Watch အသစ်မှာလည်း သုံးနိုင်မယ်လို့ ပြောပါတယ်။

Gurman က iPhone တွေဟာ ဂြိုလ်တုနဲ့ ဆက်သွယ်ဖို့ အထူးထုတ် Modem Chip လိုအပ်ပြီး အဲဒီ Chip ကို iPhone 14 မှာ ထည့်သွင်းထားနိုင်တယ်လို့ ပြောပါတယ်။ Apple ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးဟာ အမေရိကန်မှာပဲရမလား၊ တစ်ကမ္ဘာလုံးမှာ ရမလားဆိုတာ မသိရသေးပါဘူး။

Ref : macrumors