ဥရောပ ကော်မရှင်က Digital Markets Act (DMA) ဥပဒေကို ချိုးဖောက်တဲ့အတွက် Apple နဲ့ Meta ဟာ မကြာခင် အရေးယူခံရနိုင်တယ်လို့ The Financial Times က သတင်းပေးထားပါတယ်။

Vector illustration of the Apple logo in the EU stars.Meta Vs Apple – Taking Stock of Privacy and PrinciplesVector illustration of the Apple logo in the EU stars.

ဥရောပ ကော်မရှင်က Apple ဟာ Third-party မှာ App တွေ ဝယ်ယူနိုင်တဲ့ နည်းလမ်းတွေကို လမ်းညွှန်တဲ့ Developer တွေကို ငွေကြေး ကောက်ခံတဲ့အတွက် အရေးယူမှာ ဖြစ်ပါတယ်။ Meta ကိုတော့ ဥရောပမှာ ကြော်ငြာ မပါတဲ့ Facebook နဲ့ Instagram အသုံးပြုခွင့်ကို အခကြေးငွေ ကောက်ခံတဲ့အတွက် အရေးယူမှာ ဖြစ်ပါတယ်။

Apple, Meta once planned to build businesses together: Report

Reuters က ဥရောပ ကော်မရှင်ဟာ အစောပိုင်း လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဥရောပ ကော်မရှင်က နောက်ဆုံး ဆုံးဖြတ်ချက် မချသေးခင်မှာ ကုမ္ပဏီတွေဟာ အမှန် ပြင်ဆင်ခွင့်ရှိပါသေးတယ်။ Apple ကို အရင်ဆုံး အရေးယူမှာ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ စတင် အရေးယူနိုင်တယ်လို့ Reuters က ပြောပါတယ်။

Apple နဲ့ Meta တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။

ဥရောပ ကော်မရှင်ဟာ မတ်လမှာ Apple, Meta နဲ့ Alphabet တို့ဟာ Digital Markets Act (DMA) ကို ချိုးဖောက်သလားဆိုတာကို စတင် စစ်ဆေးမှုပြီးနောက်မှာ အခုလို အရေးယူမှုတွေကို ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Ref : theverge