Unicode

အမေရိကန်အခြေစိုက် Apple ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၉ မှာ သိသာစွာ ဝင်ငွေတိုးလာခဲ့သလို ၂၀၂၀ ခုနှစ် အစကိုလည်း ဝင်ငွေစံချိန်တင်ကာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ App Store ရဲ့ဝင်ငွေပမာဏဟာ စံချိန်ချိုးတဲ့ ပမာဏပဲဖြစ်ခဲ့ပြီး ခရစ္စမတ်နဲ့ နှစ်သစ်အားလပ်ရက် ကြားကာလတစ်ခုထဲမှာတင် ဒေါ်လာ ၁.၄၂ ဘီလီယံ ရရှိခဲ့ပါတယ်။

Apple ဟာ ၂၀၁၉ တစ်နှစ်ထဲမှာတင် သူ့ ပလက်ဖောင်းပေါ်က Developers တွေကို ဒေါ်လာ ၃၈ ဘီလီယံထိ ပေးနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ App Store စထောင်တည်းက Developers တွေရရှိခဲ့တဲ့ စုစုပေါင်းဝင်ငွေ ၁၅၅ ဘီလီယံရဲ့ လေးပုံတစ်ပုံလောက်ကို တစ်နှစ်အတွင်း ရှာပေးနိုင်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်ကလည်း App Store ပေါ်က Developers တွေကို စုစုပေါင်း ဒေါ်လာ ၃၄ ဘီလီယံထိ ပေးနိုင်ခဲ့ပါတယ်။

၂၀၂၀ ရဲ့ပထမဆုံးနေ့ရက်ဖြစ်တဲ့ နှစ်သစ်ကူးနေ့အချိန်အခါမှာလည်း ၂၄ နာရီအတွင်း App Store ကနေ ဝင်ငွေ ဒေါ်လာ ၃၈၆ သန်းထိ ရရှိခဲ့တယ်လို့ ထပ်မံထုတ်ပြန်ခဲ့ကာ ဒါဟာ မနှစ်က စံချိန်ထက် ၂၀% ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဟာ Apple TV+, News+ နဲ့ Arcade တို့လို ဝန်ဆောင်မှုသစ်တွေ မိတ်ဆက်ခဲ့တာကြောင့် အရှိန်မြှင့်တင်လာတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး အိုင်ဖုန်းထုတ်လုပ်သူဟာ ဒီဝန်ဆောင်မှုတွေကနေ ပိုက်ဆံဆက်ရှာဖို့ ကြိုးစားလာမယ့် ပုံပါပဲ။

Apple ဟာ စုစုပေါင်းဝင်ငွေကို ထုတ်ပြန်ခဲ့ပေမယ့် ဘယ်ကဏ္ဍကနေ ဘယ်လောက်ထိ ဝင်ခဲ့တယ် ဆိုတာတော့ အတိအကျ မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်မှာ Apple TV App ကို LG, Sony နဲ့ VIZIO Smart TV တွေမှာ အသုံးပြုနိုင်တော့မယ်လို့တော့ ကြေညာခဲ့ပါတယ်။

Ref – GSM Arena

Zawgyi

အေမရိကန္အေျခစိုက္ Apple ကုမၸဏီဟာ ၿပီးခဲ့တဲ့ ၂၀၁၉ မွာ သိသာစြာ ဝင္ေငြတုိးလာခဲ့သလုိ ၂၀၂၀ ခုႏွစ္ အစကိုလည္း ဝင္ေငြစံခ်ိန္တင္ကာ ျဖတ္သန္းႏုိင္ခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္မွာ App Store ရဲ႕ဝင္ေငြပမာဏဟာ စံခ်ိန္ခ်ဳိးတဲ့ ပမာဏပဲျဖစ္ခဲ့ၿပီး ခရစၥမတ္နဲ႔ ႏွစ္သစ္အားလပ္ရက္ ၾကားကာလတစ္ခုထဲမွာတင္ ေဒၚလာ ၁.၄၂ ဘီလီယံ ရရွိခဲ့ပါတယ္။

Apple ဟာ ၂၀၁၉ တစ္ႏွစ္ထဲမွာတင္ သူ႕ ပလက္ေဖာင္းေပၚက Developers ေတြကို ေဒၚလာ ၃၈ ဘီလီယံထိ ေပးႏုိင္ခဲ့ၿပီး ၂၀၀၈ ခုႏွစ္မွာ App Store စေထာင္တည္းက Developers ေတြရရွိခဲ့တဲ့ စုစုေပါင္းဝင္ေငြ ၁၅၅ ဘီလီယံရဲ႕ ေလးပုံတစ္ပုံေလာက္ကို တစ္ႏွစ္အတြင္း ရွာေပးႏုိင္ခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ကလည္း App Store ေပၚက Developers ေတြကို စုစုေပါင္း ေဒၚလာ ၃၄ ဘီလီယံထိ ေပးႏုိင္ခဲ့ပါတယ္။

၂၀၂၀ ရဲ႕ပထမဆုံးေန႔ရက္ျဖစ္တဲ့ ႏွစ္သစ္ကူးေန႔အခ်ိန္အခါမွာလည္း ၂၄ နာရီအတြင္း App Store ကေန ဝင္ေငြ ေဒၚလာ ၃၈၆ သန္းထိ ရရွိခဲ့တယ္လို႔ ထပ္မံထုတ္ျပန္ခဲ့ကာ ဒါဟာ မႏွစ္က စံခ်ိန္ထက္ ၂၀% ထိ ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ဟာ Apple TV+, News+ နဲ႔ Arcade တုိ႔လို ဝန္ေဆာင္မႈသစ္ေတြ မိတ္ဆက္ခဲ့တာေၾကာင့္ အရွိန္ျမွင့္တင္လာတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ၿပီး အုိင္ဖုန္းထုတ္လုပ္သူဟာ ဒီဝန္ေဆာင္မႈေတြကေန ပုိက္ဆံဆက္ရွာဖို႔ ႀကိဳးစားလာမယ့္ ပုံပါပဲ။

Apple ဟာ စုစုေပါင္းဝင္ေငြကို ထုတ္ျပန္ခဲ့ေပမယ့္ ဘယ္က႑ကေန ဘယ္ေလာက္ထိ ဝင္ခဲ့တယ္ ဆုိတာေတာ့ အတိအက် မေဖာ္ျပခဲ့ပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ Apple TV App ကို LG, Sony နဲ႔ VIZIO Smart TV ေတြမွာ အသုံးျပဳႏုိင္ေတာ့မယ္လို႔ေတာ့ ေၾကညာခဲ့ပါတယ္။

Ref – GSM Arena