Apple ဟာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းထွက်နေတာ နှစ်တော်တော်ကြာပါပြီ။ Apple က လျှပ်စစ်ကား ထုတ်လုပ်တဲ့ စီမံကိန်းအမည်ကို Project Titan လို့ ပေးထားပြီး အခုတော့ Apple ဟာ လျှပ်စစ်ကား ထုတ်လုပ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ထုတ်လုပ်ရောင်းချမှုကို နောက်ဆုတ်မယ်လို့ သတင်းထွက်လာပါတယ်။

Apple EV May Again Be Postponed as Company Would not Agree with Batter

Apple ဟာ အစောပိုင်းက အလိုအလျှောက်မောင်းနှင်တဲ့ နည်းပညာပါတဲ့ လျှပ်စစ်ကားကို ထုတ်လုပ်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ စက်ရုပ် တက္ကစီကားကိုတောင် ထုတ်လုပ်နိုင်တယ်လို့ သိခဲ့ကြပါတယ်။ ကုမ္ပဏီဟာ ယခင် Tesla ဝန်ထမ်းတွေအပါအဝင် ကားနဲ့ ဘက်ထရီ နယ်ပယ်မှ ပညာရှင်တွေကို ငှားရမ်းခဲ့ပါတယ်။

Apple Car

ဒါပေမယ့် Apple ဟာ လျှပ်စစ်ကားထုတ်လုပ်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရည်မှန်းချက်တွေကို အကြိမ်များစွာ ပြင်ဆင်နေရတယ်လို့ Bloomberg က ပြောပါတယ်။ အခုတော့ Apple ဟာ မောင်းသူမဲ့ လျှပ်စစ်ကား ထုတ်လုပ်ဖို့ထက် အဝေးပြေးလမ်းတွေမှာ ယာဉ်မောင်းကို ထောက်ကူတဲ့ စနစ် ပါတဲ့ ကားကိုပဲ ဖန်တီးဖို့ ရည်မှန်းထားပါတယ်။

Apple ဟာ ၂၀၂၈ ခုနှစ်ကျမှ လျှပ်စစ်ကားကို ရောင်းချဖို့ နောက်ဆုတ်လိုက်ပါတယ်။ အရင်ကတော့ ၂၀၂၆ ခုနှစ်မှာ ရောင်းချဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ လျှပ်စစ်ကား နယ်ပယ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်နေပြီး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ လျှပ်စစ်ကား နယ်ပယ်ထဲကို ဝင်ရောက်လာပါတယ်။ ဒီလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နယ်ပယ်ထဲမှာ Apple ရဲ့ လျှပ်စစ်ကား အောင်မြင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina