ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Apple ရဲ့ စတော့ရှယ်ယာ ဈေးနှုန်းဟာ ၁၈၂.၈၈ ဒေါ်လာ အထိ မြင့်တက်ခဲ့တဲ့အတွက် Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃ ထရီလီယမ်ကျော်သွားခဲ့ပါတယ်။ စတော့ ဈေးကွက်ပိတ်ချိန်မှာတော့ ရှယ်ယာ တန်ဖိုးဟာ ၁၈၂.၀၁ ဒေါ်လာသို့ ပြန်ကျခဲ့ပြီး Apple ရဲ့ ဈေးကွက် တန်ဖိုးဟာ ဒေါ်လာ ၂.၉၉ ထရီလီယမ် ဖြစ်သွားခဲ့ပါတယ်။

Apple's soaring stock market value

Apple ဟာ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ ဒေါ်လာ ၁ ထရီလီယမ် တန်ကြေးရှိတဲ့ ပထမဆုံး အမေရိကန် ကုမ္ပဏီ ဖြစ်လာခဲ့ပြီး အဲဒီအောင်မြင်မှုရအောင် ၄၂ နှစ်လောက် ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ နောက်ထပ် ၂ နှစ်အကြာမှာ ဒေါ်လာ ၂ ထရီလီယမ် တန်ကြေးရှိလာပါတယ်။

Apple becomes first US company to touch $3 trillion market cap

Apple ကို အနောက်ကနေ အမှီလိုက်လာမယ့် ကုမ္ပဏီက Microsoft ဖြစ်ပြီး ဒီနှစ် အစောပိုင်းမှာပဲ Microsoft ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃ ထရီလီယမ်ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒေါ်လာ ၃ ထရီလီယမ်ဟာ နည်းနည်းနောနော ငွေကြေး မဟုတ်ပါဘူး။ နှိုင်းယှဉ်ပြရရင် ကမ္ဘာ့ Cryptocurrency အားလုံးရဲ့ တန်ဖိုးထက် များပြားသလို ဗြိတိန်နဲ့ အိန္ဒိယတို့ရဲ့ Gross Domestic Product (GDP) နဲ့ တူညီနေပါတယ်။ အမေရိကန်ရဲ့ အကြီးမားဆုံး ဘဏ်ဖြစ်တဲ့ JPMorgan Chases တန်ဖိုးရဲ့ ၆ ဆလောက်ရှိပါတယ်။

Ref : reuters