Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကိုယ်ပိုင် Apple M1 Chipset ကို အသုံးပြုထားတဲ့ Mac Mini ၊ MacBook Air နဲ့ MacBook Pro တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ M1 Chipset ဟာ ARM-based Chipset တစ်ခုဖြစ်တဲ့အတွက် App Store ကနေ Mac Software တွေတင်မဟုတ်ဘဲ တချို့သော iOS App တွေကိုပါ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း iOS App အများစုဟာ Touch Screen နဲ့ Mobile Device တွေအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက် App အများအပြားကတော့ App Store ကနေ M1 Mac ကွန်ပျူတာတွေအတွက် တရားဝင် Support ပေးခြင်းမရှိခဲ့ပါဘူး။ ဒါကိုလည်း Support ပြုလုပ်ခြင်းမရှိတဲ့ App တွေကို အသုံးပြုဖို့အတွက် ထည့်သွင်းနိုင်တဲ့နည်းလမ်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ အဆိုပါ နည်းလမ်းတွေကို ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ iMazing လိုမျိုး App Store မှာ မရှိတဲ့ iOS App တွေကို .IPA File ကနေတစ်ဆင့် သွင်းလို့ရတဲ့ Software တွေကလည်း အသုံးပြုနိုင်မှာမဟုတ်တော့ပါဘူး။ ဒါက M1 MacBook တွေမှာ လူသုံးများတဲ့ iOS App တွေဖြစ်တဲ့ Netflix နဲ့ Instagram လိုမျိုး App တွေအသုံးပြုနိုင်ခွင့်လည်း ရရှိတော့မှာမဟုတ်ပါဘူး။

9to5Mac ရဲ့ ပြောကြားချက်အရတော့ Apple ဟာ M1 MacBook တွေမှာ အသုံးပြုနိုင်မယ့် .IPA App တွေကို App Store မဟုတ်တဲ့ တခြားသောနေရာတွေကနေ ထည့်သွင်းနိုင်ခြင်းမရှိအောင် DRM (Digital Rights Management) စနစ်တစ်ခုကို စတင်အသုံးပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အနာဂတ်မှာလည်း Support ပြုလုပ်ခြင်းမရှိတဲ့ iOS App တွေကို M1 Mac တွေမှာ အသုံးပြုနိုင်ဖို့ ခဲယဥ်းသွားမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ macOS Big Sur 11.2 Beta ကနေ စတင်ပြီးတော့ အခုလိုမျိုး တရားဝင် Support ပြုလုပ်ခြင်းမရှိတဲ့ App တွေကို Install ပြုလုပ်မယ်ဆိုရင် “the developer did not intend for it to run on this platform.” ဆိုတဲ့ Error Message ပဲ မြင်ရတော့မှာဖြစ်ပါတယ်။

Ref – XDA-Developers