ဒီလ အစောပိုင်းက Apple ဟာ ပထမဆုံး အကြိမ် အနေနဲ့ iPadOS ဖြန့်ချိန်မယ့် အချိန်နောက်ကျမှာ ဖြစ်ပြီး iOS 16 ကို ဖြန့်ချိပြီး ၁ လလောက်ကြာမှ iPadOS 16 ကို ထုတ်ပေးမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Apple က ဒီသတင်းကို အတည်ပြုလိုက်ပြီ ဖြစ်ပြီး TechCrunch ကို ပေးပို့တဲ့ စာမှာ အောက်ပါ အတိုင်း ရေးသားထားပါတယ်။

Apple confirms iPadOS 16 delay

“ ဒီနှစ်က iPadOS အတွက် ထူးခြားတဲ့ နှစ် ဖြစ်ပါတယ်။ iPadOS ဟာ တက်ဘလက်အတွက်အထူး ဒီဇိုင်းထုတ်ထားတဲ့ လုပ်ဆောင်ချက်တွေ ပါတဲ့အတွက် ဖြန့်ချိမယ့် အချိန်ဟာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ iOS ကို ဖြန့်ချိပြီးနောက် iPadOS 16.1 ကို  Update အနေနဲ့ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ”

iPadOS 16: Is your iPad compatible with the latest update? | NextPit

ဒီလ အစောပိုင်းမှာ ထွက်ခဲ့တဲ့ သတင်းအရ အခုလို နောက်ကျရတာဟာ Stage Manager Multitasking လုပ်ဆောင်ချက်ကြောင့် ဖြစ်ပြီး အဲဒီ လုပ်ဆောင်ချက်ကို Apple M Chip ပါတဲ့ iPad တွေမှာပဲ ရရှိမယ်လို့ သိခဲ့ရပါတယ်။

လက်ရှိမှာ Apple ဟာ iPadOS 16.1 Beta ကို Developer တွေအတွက် ဖြန့်ချိပေးထားပါတယ်။ .0 အစား .1 Version ကို ဖြန့်ချိတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီသတင်းအရ iOS 16.1 နဲ့ iPadOS 16.1 တို့ကို ဖြန့်ချိမယ့် အချိန်ဟာ ကွဲပြားသွားတော့မှာ ဖြစ်ပါတယ်။ iPhone တွေမှာ iOS 16.1 ကို အရင်ဆုံး မြည်းစမ်းနိုင်တော့မှာပါ။

Ref : gsmarena