Apple ဟာ iPhone အတွက် iOS 15 ကို မိတ်ဆက်ခဲ့တဲ့အချိန်တုန်းက ကိုယ့်ရဲ့ မှတ်ပုံတင်၊ Passport နဲ့တခြားသော ID တွေကိုပါ ဖုန်းထဲက Wallet App ထဲမှာ Digital အနေနဲ့ သိမ်းထားနိုင်မယ့် Feature တစ်ခုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ အဆိုပါ Digital ID အနေနဲ့ အသုံးပြုနိုင်ဖို့ကို အချိန်ထပ်မံစောင့်ဆိုင်းရမှာဖြစ်ပါတယ်။

အဆိုပါ သတင်းကို MacRumors ကနေ အရင်ဆုံးဖော်ပြခဲ့တာဖြစ်ပြီး Apple ကနေလည်း အစောဆုံးအနေနဲ့ ၂၀၂၂ အစောပိုင်းမှပဲ တရားဝင် Support လုပ်နိုင်မယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ Apple အနေနဲ့ အဆိုပါ Feature ကို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်နိုင်ဖို့ ယခင်တုန်းက စီစဥ်ထားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ့်အတွက် အရေးကြီးတဲ့ ID တွေဖြစ်တဲ့ ကားမောင်းလိုင်စင်၊ သို့မဟုတ် တခြားသောနိုင်ငံသားကဒ်လိုမျိုးကိုပါ ဖုန်းထဲမှာ ထည့်သွင်းထားနိုင်မှာဖြစ်တာကြောင့် US နိုင်ငံမှာတောင် နေရာအကုန်လုံးမှာ စစခြင်း အသုံးပြုနိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ တချို့သော လေဆိပ်တွေမှာရှိတဲ့ Transportation Security Administration (TSA) Checkpoint တွေမှာပဲ လက်ခံနိုင်ဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် ယခု Digital ID Feature ကို နောက်ပိုင်းလက်ခံလာပြီဆိုရင် iPhone သို့မဟုတ် Apple Watch ကို သက်ဆိုင်ရာစစ်ဆေးသူမှာရှိတဲ့ Identity Reader ကို ပြလိုက်ရုံနဲ့ အဆင်ပြေစေမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ Apple ကနေ US မှာရှိတဲ့ ပြည်နယ် ၈ ခုမှာ အရင်ဆုံးအဆိုပါ Feature ကို Support ပေးနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ လောလောဆယ်မှာ iPhone တွေအတွက် iOS 15.1.1 Update ကိုပဲ ထုတ်ပေးထားပြီး Major Feature Update တွေပါဝင်လာနိုင်တဲ့ iOS 15.2 Update ကို ဘယ်အချိန်မှာ ထုတ်ပေးမလဲဆိုတာကတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့် အဆိုပါ iOS 15.2 Update မှာလည်း ယခု Digital ID Feature ပါဝင်လာနိုင်ခြင်းမရှိသေးပါဘူး။

Ref – Engadget