Apple Device တွေကို မိသားစုအတွင်းမှာ အသုံးပြုနေသူတွေအတွက် အခုအချိန်မှာ သတင်းကောင်းတစ်ခုကို Apple ကနေ ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Apple ID Account တစ်ခုမှာ ဝယ်ယူထားတဲ့ App တွေနဲ့ Subscription Service တွေကို မိသားစုအချင်းချင်း မျှဝေသုံးစွဲနိုင်အောင် Apple က လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

အခုလိုမျိုး Family Sharing ပြုလုပ်နိုင်ဖို့အတွက်ကတော့ လောလောဆယ်မှာ Application အကုန်လုံးရဦးမှာမဟုတ်ဘဲ Family Sharing Program ထဲမှာ အကျုံးဝင်တဲ့ App တွေပဲ ရဦးမှာဖြစ်ပါတယ်။ ဒါက App Purchase တွေအတွက်ဖြစ်ပေမယ့် Game ထဲက Coin လိုမျိုးကို ဝယ်ယူတာဆိုရင်တော့ မျှဝေနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Apple ဟာ အခု Family Sharing Feature ကို ပြီးခဲ့တဲ့ ဇွန်လကတည်းက Big Sur Update နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုအချိန်မှ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အသုံးပြုဖို့အတွက်ကတော့ Settings – Username – Subscriptions မှာ Share New Subscriptions ဆိုတာကို On ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အခုလိုမျိုး Subscription Plan ကို ဝယ်ယူထားတဲ့ App တစ်ခုချင်းစီမှာလည်း လစဥ် (သို့မဟုတ်) နှစ်စဥ် Subscription ဝယ်ယူမှာလားဆိုတာကို Edit ပြုလုပ်နိုင်သလို မိသားစုနဲ့ Sharing ပြုလုပ်မှာလားဆိုတာကိုလည်း Edit ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဝယ်ယူထားတဲ့ App တွေအနေနဲ့ကတော့ Family Sharing ကို On ထားလိုက်ပြီဆိုရင် App Store မှာရှိတဲ့ Purchased Section အောက်မှာ Download ပြုလုပ်နိုင်မှာဖြစ်ပြီး တချို့အချိန်မှာတော့ Restore Purchase ပြုလုပ်ဖို့ လိုအပ်မှာပါ။

ဘာပဲဖြစ်ဖြစ် ဒီ Family Sharing Feature ဟာ အခုမှ ထွက်ရှိနေတာဖြစ်တဲ့အတွက် တကယ်လို့ လောလောဆယ်အသုံးပြုနိုင်ခြင်းမရှိသေးဘူးဆိုရင်လည်း မကြာခင်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge