Apple ဟ တရုတ်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး iPhone ရောင်းအားကျဆင်းနေပါတယ်။ Apple CEO Tim Cook က တရုတ်ဟာ ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နိုင်ငံ ဖြစ်တယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။

Innovate, Integrate, Dominate: Success Factors of Apple Inc.

နောက်ဆုံးသတင်းအရ iPhone ရောင်းအားဟာ တစ်ကမ္ဘာလုံးနဲ့ ဟောင်ကောင်၊ ထိုင်ဝမ် အပါအဝင် တရုတ်မှာ ကျဆင်းနေပါတယ်။ ပထမကွာတားမှာ တစ်ကမ္ဘာလုံးမှာ iPhone ရောင်းအားဟာ ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း အဆိုးဆုံး ကျဆင်းခဲ့တာပါ။ တရုတ်မှာ အဲဒီကာလအတွင်း iPhone ရောင်းအားဟာ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Apple ဟာ တရုတ်ရဲ့ စမတ်ဖုန်း ဈေးကွက်မှာ vivo နဲ့ Honor တို့နောက် နံပါတ် ၃ နေရာကို ရောက်သွားပြီး ဈေးကွက်ဝေစု ၁၅.၇ ရာခိုင်နှုန်းပဲ ရထားပါတယ်။

Apple ရဲ့ ပြိုင်ဖက် Huawei ကတော့ ဖုန်းရောင်းအား တိုးတက်နေပြီး ကွာတား ၁ မှာ ၇၀ ရာခိုင်နှုန်းတောင် မြင့်မားခဲ့ပါတယ်။ Huawei ရဲ့ ဈေးကွက်ဝေစုဟာ ၁၅.၅ ရာခိုင်နှုန်းနဲ့ Apple ကို အမှီလိုက်နေပါတယ်။

Huawei ရဲ့ အောင်မြင်မှုဟာ တရုတ်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ကြောင့် ဖြစ်ပြီး ပြည်တွင်းထုတ် Chip တွေပါတဲ့ Mate 60 Series ဖုန်းတွေကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Pura 70 Series မှာလည်း တရုတ်ထုတ် Processor တွေ ထည့်သွင်းထားပါတယ်။

Ref : gizmochina