Apple ဟာ ဒီနှစ်မှာ Apple Intelligence လို့ခေါ်တဲ့ AI ကို အရောင်းမြှင့်တင်မှာ ဖြစ်ပါတယ်။ Apple Intelligence ဟာ AI Features Suite ဖြစ်ပြီး iOS 18, iPadOS 18 နဲ့ macOS Sequoia မှာ ရကြမှာပါ။ Apple Intelligence ကို iPhone 15 Pro , 15 Pro Max နဲ့ iPhone 16 Series , M-series Chip ပါတဲ့ Mac နဲ့ iPad တို့မှာ အခမဲ့ သုံးနိုင်မှာပါ။

Apple Intelligence's Image Playground

ဒါပေမယ့် အမြဲတမ်း အခမဲ့ သုံးနိုင်မှာ မဟုတ်ပါဘူး။ Apple သတင်းတွေကို တိကျစွာ ဖော်ထုတ်ပေးနေတဲ့ Bloomberg မှ Mark Gurman က Apple ဟာ အနာဂတ်မှာ Apple Intelligence Version ၂ ခုကို ဖြန့်ချိနိုင်တယ်လို့ ပြောပါတယ်။ ၁ ခုက အခမဲ့ ဖြစ်ပြီး Feature တွေ အကန့်အသတ်နဲ့ ပါလာမှာပါ။ နောက် ၁ ခုက Apple Intelligence+ ဖြစ်ပြီး အခပေး အသုံးပြုရမှာ ဖြစ်ပါတယ်။

Apple Intelligence's Genmoji creator

Apple + ဝန်ဆောင်မှုတွေလိုပဲ Apple Intelligence+ ကို အခကြေးငွေနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ Apple ဟာ iPhone User တွေ မော်ဒယ် အသစ်တွေကို အချိန်တော်တော်ကြာပြီးမှ ဝယ်လေ့ရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ ဖုန်း ရောင်းချတဲ့ ဝင်ငွေ နည်းပါးတဲ့အတွက် ဝန်ဆောင်မှုတွေကနေ ဝင်ငွေများပြားအောင် ကြိုးစားနေပါတယ်။ Apple Intelligence ဟာလည်းအဲဒီ နည်းဗျူဟာထဲက ၁ ခု ဖြစ်ပါတယ်။

Ref : gsmarena