Apple က AirPods 4 ကို ကြေညာလိုက်ပြီး Standard AirPods 4 နဲ့ AirPods 4 Active Noise Cancellation မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပါတယ်။

Apple introduces the new AirPods 4 with ANC and tons of new features

Apple က နားထဲမှာ ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိအောင် Mapping နည်းပညာကို အသုံးပြုထားပါတယ်။ အသံ အရည်အသွေးကို တိုးတက်စေတဲ့ ဒီဇိုင်းကိုသုံးထားပါတယ်။ Spatial Audio ဆိုတဲ့ Feature အသစ်ကို ထည့်သွင်းပေးထားပြီး ဒါကလည်း အသံအရည်အသွေး တိုးတက်စေပါတယ်။

Apple introduces the new AirPods 4 with ANC and tons of new features

ဒီနှစ်ထုတ် AirPods မှာ Active Noise Cancellation ထည့်သွင်းထားပြီး အရင်က Pro မော်ဒယ်မှာပဲ အသုံးပြုနိုင်တာပါ။ ANC က ဖုန်းပြောရင် ၊ သီချင်းနားထောင်ရင် ပတ်ဝန်းကျင်မှ ဆူညံသံတွေကို လျှော့ချပေးနိုင်ပါတယ်။

ANC မှာ Transparency Mode နဲ့ Adaptive Audio ၂ မျိုး ပါလာပါတယ်။ ပထမတစ်ခုက ပတ်ဝန်းကျင်က အသံကို ကြားရအောင် ပြုလုပ်ပေးပါတယ်။ ဒုတိယ တစ်ခုက သင့် ပတ်ဝန်းကျင် အပေါ် မူတည်ပြီး သင့်တော်တဲ့ Mode ကို ရွေးချယ်ပေးပါတယ်။

Apple introduces the new AirPods 4 with ANC and tons of new features

Case ကို အဆင့်မြှင့်ထားပြီး Apple က အပေါ့ပါးဆုံးနဲ့ သယ်ယူရ အလွယ်ဆုံးလို့ ပြောပါတယ်။ Case နဲ့ ပေါင်းရင် နားကြပ်ဟာ နာရီ ၃၀ ကြာ သီချင်းနားထောင်နိုင်ပါတယ်။ Case မှာ အရွယ်သေး စပီကာ တပ်ဆင်ထားပြီး နားကြပ်ပျောက်ရင် လွယ်ကူစွာ ရှာနိုင်သလို ဖုန်းဝင်လာရင် အသိပေးနိုင်ပါတယ်။ အားသွင်းဖို့ USB-C Connector တပ်ဆင်ထားပြီး နားကြပ်ကို ကြိုးနဲ့ အပြင် ကြိုးမဲ့ အားသွင်းနိုင်ပါတယ်။

AirPods 4 (ANC မပါ) ကို ၁၂၉ ဒေါ်လာနဲ့ ANC Version ကို ၁၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၀ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena