Apple ကနေ iPhone 13 Series ကို မိတ်ဆက်မယ့်အချိန်ဟာ အခုဆိုရင်အလွန်နီးကပ်နေပြီဖြစ်ပါတယ်။ ယခုနှစ်မှာလည်း Apple ကနေ iPhone 13 Mini ၊ iPhone 13 ၊ iPhone 13 Pro နဲ့ iPhone 13 Pro Max ဆိုပြီး ၄ မျိုးမိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုနောက်ဆုံးအနေနဲ့ Apple iPhone 13 Pro Series ဖုန်းတွေနဲ့ သတင်းတစ်ခုကပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ iPhone 13 Pro Series ဖုန်းတွေမှာ ယခင်တုန်းကလိုမျိုး 256GB Storage Version ကို ဝယ်ယူနိုင်မှာမဟုတ်တော့တာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် မကြာခင်မိတ်ဆက်တော့မယ့် iPhone 13 Pro နဲ့ iPhone 13 Pro Max ဖုန်းတွေကို ဝယ်ယူမယ်ဆိုရင် အနိမ့်ဆုံး 128GB သို့မဟုတ် 512GB ကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ Apple အနေနဲ့ ယခုနှစ်မှာ iPhone 13 Pro Series ဖုန်းတွေကို 1TB Storage Option ကိုလည်း ထည့်သွင်းရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါက Storage အများအပြားလိုအပ်တဲ့သူတွေအတွက် အဆင်ပြေပေမယ့် တကယ်လို့ 128GB Storage နဲ့ မလုံလောက်တဲ့သူတွေအတွက် 256GB အစား စျေးပိုကြီးတဲ့ 512GB ကိုပဲ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။

Apple ဟာ ယခင် iPhone 7 Series ကို မိတ်ဆက်တဲ့အချိန်တုန်းကလည်း အလားတူပြုလုပ်ခဲ့ဖူးပြီး Base Storage ဖြစ်တဲ့ 32GB နဲ့128GB Storage Version ကိုပဲ ရောင်းချခဲ့ပြီး ကြားထဲက 64GB Version ကို ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးပြုလုပ်တာကြောင့် iPhone ဝယ်ယူမယ့်သူတွေကို Storage ပိုများတဲ့ အမြင့် Version ကို ပိုပြီး ရွေးချယ်စေတာဖြစ်ပါတယ်။

တကယ်လို့ 256GB Storage ကို လိုအပ်တယ်ဆိုရင်တော့ iPhone 13 Mini နဲ့ iPhone 13 ဖုန်းတွေမှာ ဆက်လက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ iPhone 13 ဖုန်းတွေမှာတော့ Pro Series လိုမျိုး 512GB နဲ့ 1TB Storage Option ကို ရွေးချယ်နိုင်မှာမဟုတ်တော့ပါဘူး။

Ref – Gizmo China