ဒီနှစ်မှာ ကြေညာခဲ့တဲ့ iPhone 12 Series မှာ WiFi 6 နည်းပညာ ထည့်သွင်းထားပါတယ်။ အခုတော့ Barclays က လေ့လာဆန်းစစ်သူတွေဟာ နောက်နှစ်မှာ ကြေညာမယ့် iPhone 13 Series တွေရဲ့ သတင်းအချက်အလက်တွေကို စတင်ဖော်ထုတ်နေကြပြီ ဖြစ်ပြီး နောက်နှစ်ထွက်မယ့် iPhone တွေမှာ WiFi 6E ဆက်သွယ်မှု ထည့်သွင်းထားမယ်လို့ သူတို့က ပြောပါတယ်။
WiFi 6E မှာ WiFi 6 လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပေမယ့် 6 GHz Frequency Band အထိ တိုးချဲ့ထားတာ ဖြစ်တဲ့အတွက် Bandwidth ပိုကောင်းလာသလို Supported Devices တွေမှာ Interference ပိုနည်းသွားမှာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် လိုင်းပိုကောင်းလာသလို လိုင်းပိုတည်ငြိမ်လာမှာပါ။
Barclays က လေ့လာဆန်းစစ်သူတွေက တချို့ iPhone 13 မော်ဒယ်တွေမှာ Cirrus Logic ရဲ့ Power Conversion Chip အသစ် ပါလာမယ်လို့ ပြောပါတယ်။ ဒါတင်မကသေးပါဘူး။ ပညာရှင်တွေက Apple ဟာ လာမယ့် လတွေအတွင်းမှာ iPhone SE နောက် ၁ လုံး ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် မရှိသလို အရွယ်ကြီး မော်ဒယ်လည်း ထုတ်လုပ်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။
Barclays က လေ့လာဆန်းစစ်သူတွေဟာ Apple က iPhone တွေမှာ Charger မထည့်သွင်းပေးတော့ဘူးဆိုတဲ့ သတင်းကို အစောဆုံးပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ အရင်ကလည်း iPhone 11 Series အားလုံးမှာ 3D Touch မပါလာတော့ဘူးဆိုတာလည်း မှန်ကန်စွာ ဟောကိန်းထုတ်နိုင်ခဲ့သူတွေပါ။
Ref : gsmarena