Apple ဟာ iPhone 13 Series မှာ 64GB Storage ကို မထည့်သွင်းပေးဘဲ စွမ်းရည် ပိုမြင့်တဲ့ Pro မော်ဒယ်မှာ 1TB Storage အထိ ထည့်သွင်းပေးထားမယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းကို မျှဝေလိုက်တာက Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo ဖြစ်ပြီး သူက iPhone 13 နဲ့ iPhone 13 mini မှာ အနိမ့်ဆုံး အနေနဲ့ 128GB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး 256GB နဲ့ 512GB Storage တွေလည်း ရွေးချယ်နိုင်မယ်လို့ ပြောပါတယ်။ ဒီနှစ်ထွက်မယ့် iPhone 13 Series တွေမှာ 64GB Option မပါလာတော့ပါဘူး။ 64GB Option ရတဲ့ နောက်ဆုံးထုတ် ဖုန်းက iPhone 12 Series ဖြစ်သွားမှာပါ။

Apple iPhone 13

iPhone 13 Pro နဲ့ iPhone 13 Pro Max အကြောင်းပြောရရင် Kuo က အဲဒီ မော်ဒယ်တွေမှာ 128GB, 512GB နဲ့ 1TB Storage တွေ ထုတ်လုပ်ပေးထားမယ်လို့ ပြောပါတယ်။ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့အတွက် 128GB , 256GB နဲ့ 512GB Storage Option တွေ ထုတ်လုပ်ပေးထားပါတယ်။ iPhone 13 Pro မော်ဒယ်တွေမှာ 1TB Storage အထိ ရွေးချယ်နိုင်တာက ကောင်းတဲ့ သတင်း ဖြစ်ပါတယ်။ ဒါပေမယ့် Kuo က iPhone 13 Series အတွက် ဖုန်း အစိတ်အပိုင်း ပြတ်တောက်မှုတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Apple iPhone 13 to bring Potrait Mode and ProRes for videos

Kuo က ဖုန်း အစိတ်အပိုင်း ပြတ်တောက်မှုကြောင့် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ဖုန်းထုတ်လုပ်မှု ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း iPhone 13 ကို ဝယ်လိုအား ရှိသလောက် ရောင်းချနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီနှစ် iPhone 13 ရောင်းအားဟာ အရင်နှစ် iPhone 12 ရောင်းအားထက် ၁၀ ရာခိုင်နှုန်းလောက် တိုးတက်လာနိုင်ပါတယ်။

Ref : gizmochina