Apple က ၆.၁ လက်မ iPhone 14 နဲ့ ၆.၇ လက်မ iPhone 14 Plus ကို ကြေညာလိုက်ပါတယ်။ Plus ဟာ iPhone 14 Pro မော်ဒယ်တွေ အပါအဝင် iPhone အားလုံးထဲမှာ ဘက်ထရီ အကောင်းဆုံး ဖြစ်ပါတယ်။ Plus မှာ ဗီဒီယိုတွေကို ၂၆ နာရီကြာနဲ့ ရိုးရိုး 14 မှာ ၂၀ နာရီအထိ ကြည့်နိုင်ပါတယ်။

Apple iPhone 14 and 14 Plus unveiled: satellite messaging, eSIM only in the US, old A15 chipset

Chipset အကြောင်းပြောရရင် အရင်နှစ်ထုတ် Apple A15 ကို သုံးထားပြီး ဂရပ်ဖစ် စွမ်းရည်က အရင်မျိုးဆက်ထက် ၁၈ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ Apple က လက်ရှိ စွမ်းရည်မြင့် Android အားလုံးထက် စွမ်းရည် ပိုကောင်းတယ်လို့ ပြောပါတယ်။ Processing စွမ်းရည် ပိုကောင်းလာတဲ့အတွက် ကင်မရာ အရည်အသွေး တိုးတက်လာစေပါတယ်။

Apple iPhone 14 and 14 Plus unveiled: satellite messaging, eSIM only in the US, old A15 chipset

iPhone 14 နဲ့ 14 Plus မှာ 12MP ကင်မရာတွေကိုပဲ သုံးထားပါတယ်။ Main ကင်မရာမှာ 1.9µm Pixels ပါတဲ့ ပိုကြီးတဲ့ ဆန်ဆာနဲ့ ပိုတောက်ပတဲ့ f/1.5 Aperture ကို ထည့်သွင်းထားတဲ့အတွက် iPhone 13 ကင်မရာထက် အလင်းကို ၄၉ ရာခိုင်နှုန်း ပိုမို ဖမ်းယူနိုင်ပါတယ်။

Apple iPhone 14 and 14 Plus unveiled: satellite messaging, eSIM only in the US, old A15 chipset

ဒါဟာ ဟာ့ဒ်ဝဲ အပိုင်းမှာ အရင်နှစ် မော်ဒယ်တွေထက် ပိုတိုးတက်လာတာပါ။ ဆော့ဖ်ဝဲ အပိုင်းမှာ Apple က Deep Fusion အပေါ်အခြေပြု တည်ဆောက်ထားတဲ့ Photonic Engine ထည့်ထားပြီး Low-light ဓါတ်ပုံတွေ ပိုကောင်းလာပါတယ်။ iPhone 13 နဲ့ နှိုင်းယှဉ်ရင် Apple က အရှေ့ ကင်မရာဟာ ၂ ဆ ၊ Ultrawide က ၂ ဆနဲ့ Main ကင်မရာက ၂.၅ ဆ ပိုကောင်းလာတယ်လို့ ပြောပါတယ်။

Apple iPhone 14 and 14 Plus unveiled: satellite messaging, eSIM only in the US, old A15 chipset

Action ကင်မရာတွေလို စွမ်းဆောင်နိုင်တဲ့ Action Mode ပါလာပြီး Gimbal မလိုဘဲ Stabilization ပိုကောင်းစေပါတယ်။ Dolby Vision HDR နဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ကင်မရာက အမြင့်ဆုံး 4K Resolution (60fps) ပဲ ရိုက်ကူးနိုင်ပါတယ်။

Apple iPhone 14 and 14 Plus unveiled: satellite messaging, eSIM only in the US, old A15 chipset

iPhone 14 ၂ လုံးမှာ TrueDepth ကင်မရာ ပါတဲ့ Notch တပ်ဆင်ထားပြီး ပထမဆုံးအကြိမ် အနေနဲ့ Autofocus ပါလာပါတယ်။ ဟာ့ဒ်ဝဲ ပိုကောင်းလာတဲ့အတွက် Low-light စွမ်းရည် ပိုကောင်းအောင် အလင်းကို ၃၈ ရာခိုင်နှုန်း ပိုမို ဖမ်းယူပေးပါတယ်။

iPhone 14 and 14 Plus are available in Midnight, Starlight, Blue, Purple and (PRODUCT) RED

Apple က ဂြိုလ်တု ဆက်သွယ်ရေးနဲ့ eSIM တွေ ထောက်ပံ့ပေးထားပြီး ဂြိုလ်တု ဆက်သွယ်ရေးကြောင့် အရေးပေါ် အခြေအနေတွေမှာ စာပေးပို့နိုင်ပါတယ်။ စာတွေကိုလည်း ပြန်လက်ခံနိုင်တဲ့အတွက် အကူအညီလာပြီဆိုရင် သင့်ကို အသိပေးနိုင်ပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေး ဝန်ဆောင်မှုကို နိုဝင်ဘာလမှာ အမေရိကန်နဲ့ ကနေဒါအတွက် ရရှိမှာ ဖြစ်ပြီး iPhone 14 ဝယ်ယူသူတွေဟာ ၂ နှစ်ကြာ အခမဲ့ သုံးနိုင်မှာပါ။

e-SIM ကို လက်ရှိ အမေရိကန်မှာပဲ သုံးနိုင်မှာ ဖြစ်ပြီး Apple က eSIM များစွာကို လျှင်မြန်စွာ ပြောင်းလဲနိုင်တယ်လို့ ပြောပါတယ်။ Carrier ကုမ္ပဏီဆီသွားစရာ မလိုဘဲ Carrier တွေကို ထည့်နိုင်ပြီး Dual eSIM ထောက်ပံ့ထားပါတယ်။

iPhone 14 နဲ့ 14 Plus ကို စက်တင်ဘာလ ၉ ရက်နေ့မှာ မှာယူနိုင်မှာပါ။ iPhone 14 ရဲ့ ဈေးက အရင်မျိုးဆက်လိုပဲ ဒေါ်လာ ၈၀၀ ဖြစ်ကာ စက်တင်ဘာလ ၁၆ ရက်နေ့ ရောင်းမှာပါ။ iPhone 14 Plus ရဲ့ ဈေးက ဒေါ်လာ ၉၀၀ ကနေ စတင်မှာ ဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ရောင်းမှာပါ။ အဲဒီဈေးတွေဟာ 128GB အတွက် ဖြစ်ပြီး 256GB နဲ့ 512GB Version တွေလည်း ရှိပါတယ်။

ref : gsmarena