Apple က စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ကုန် မိတ်ဆက်ပွဲကို Apple Park Campus မှာ ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီပွဲကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်နဲ့ YouTube ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Apple iPhone 14 launch event

အဲဒီပွဲမှာ အဓိက အားဖြင့် iPhone 14 Series ကို ကြေညာမှာ ဖြစ်ပြီး မော်ဒယ် ၄ လုံး ပါလာမှာပါ။ အဲဒါတွေက iPhone 14, iPhone 14 Max, iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ ဖြစ်ပါတယ်။ Max မော်ဒယ်ဟာ iPhone mini ကို အစားထိုးထားတာ ဖြစ်ပြီး iPhone 14 ထက် အရွယ်အစား ပိုမို ကြီးမားတဲ့ ၆.၇ လက်မ မျက်နှာပြင် ပါလာမှာပါ။

Pro မော်ဒယ်တွေမှာ Notch အစား Punch Hole ကို အသုံးပြုထားမှာ ဖြစ်ပြီး 14 Pro နဲ့ 14 Pro Max မော်ဒယ်တွေမှာ Always-on Display လုပ်ဆောင်ချက်၊ A16 Bionic Chipset ၊ 48MP Main ကင်မရာတွေ ပါလာနိုင်ပါတယ်။ iPhone 14 နဲ့ Max မော်ဒယ်တွေမှာ A14 Bionic Chipset ကိုပဲ ထည့်ထားနိုင်ပါတယ်။ မော်ဒယ်အားလုံးမှာ Autofocus အရှေ့ ကင်မရာ အသစ် ပါလာနိုင်ပါတယ်။

Apple က စက်တင်ဘာလ ၇ ရက်နေ့မှာ စမတ်ဖုန်း အသစ်တွေအပြင် စမတ်နာရီ အသစ်တွေကိုပါ ကြေညာနိုင်ပါတယ်။ ပေါက်ကြားသတင်းတွေအရ Apple က စမတ်နာရီ မော်ဒယ် ၃ မျိုးကို ကြေညာမှာ ဖြစ်ပြီး Series 8 မော်ဒယ်၊ အဆင့်မြှင့်ထားတဲ့ SE မော်ဒယ်နဲ့ Pro မော်ဒယ် အသစ်တွေ ဖြစ်ပါတယ်။

Apple ဟာ အဆင့်မြှင့်ထားတဲ့ iPad Pro မော်ဒယ်ကို ဖန်တီးနေပြီး အောက်တိုဘာလကျမှ Macs အသစ်တွေနဲ့အတူ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina