Apple က iPhone 14 Series ကို ဒီနှစ် ဒုတိယ နှစ်ဝက်မှာ ကြေညာနိုင်ပြီး အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း iPhone 14 Max ရဲ့ Specs နဲ့ ဈေးနှုန်း ပေါက်ကြားလာပါတယ်။

Apple

တွစ်တာက Tipster Shadow-leak က iPhone 14 Max မှာ ၆.၆၈ လက်မ Flexible OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2,248×1,284p Resolution ရှိမယ်လို့ ပြောပါတယ်။ ဒါ့အပြင် 458ppi Pixel Density နဲ့ 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Max မော်ဒယ်ဟာ Base နဲ့ Pro ကြားက မော်ဒယ် အသစ် ဖြစ်ပြီး Pro Max ရဲ့ မျက်နှာပြင်နဲ့ တူညီမှာပါ။ စမတ်ဖုန်း ဈေးကွက်မှာ လူကြိုက်နည်းတဲ့ Mini မော်ဒယ်နေရာကို အစားထိုးဝင်ရောက်လာမှာပါ။

Apple

Tipster က iPhone 14 Max မှာ A15 Bionic Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB LPDDR4X RAM နဲ့ 128GB or 256GB Storage တွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ စွမ်းရည်မြင့် iPhone 14 Pro နဲ့ Pro Max မှာတော့ A16 Bionic Chipset ပါလာမှာပါ။ iPhone 14 Max ရဲ့ အနောက်ဘက်မှာ 12MP ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး အရင်သတင်းတွေအရ ဆဲလ်ဖီး ကင်မရာ ပိုကောင်းလာမှာ ဖြစ်သလို ဂြိုလ်တု ဆက်သွယ်ရေး ပါလာမှာပါ။

Tipster က iPhone 14 Max ရဲ့ 6GB+128GB မော်ဒယ်ကို ၈၉၉ ဒေါ်လာနဲ့ ရောင်းမယ်လို့ ပြောပြီး မြန်မာငွေနဲ့တွက်ရင် ၁၆ သိန်းကျော် ကျသင့်မှာပါ။ Apple ဈေးသတ်မှတ်တဲ့ ထုံးစံအတိုင်းဆိုရင် ဒီထက် ပိုမြင့်တဲ့ မော်ဒယ်ကို ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina