Apple ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ iPhone 14 Series စမတ်ဖုန်းတွေကို ကြေညာမှာ ဖြစ်ပြီး တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်များစွာပေါက်ကြားနေပါတယ်။ အခုတော့ iPhone 14 Pro ရဲ့ အရောင်တွေကို သိလာရပြီ ဖြစ်ပြီး နမူနာ မော်ဒယ်တွေရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။

Apple iPhone 14 Pro Color Options Leak

iPhone 14 Pro အတွက် အရောင် ၅ ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး Gold , Graphite, Silver , Blue နဲ့ Purple တွေ ဖြစ်ပါတယ်။ iPhone 14 နဲ့ 14 Pro အတွက် Purple အရောင် အသစ် ထုတ်လုပ်ထားမယ်ဆိုတဲ့ အရင် သတင်းတွေနဲ့ ကိုက်ညီနေပါတယ်။ အဲဒီ အရောင် အသစ်ကို Pro မော်ဒယ်တွေအတွက်ပဲ ထုတ်လုပ်ထားနိုင်ပါတယ်။

iPhone 14 Pro to get 'i-shaped' notch? Here's how Apple could make it work | Technology News,The Indian Express

ဒီသတင်းတွေသာ မှန်မယ်ဆိုရင် iPhone 14 Pro Purple မော်ဒယ်ဟာ အလင်းရောင် ကျရောက်တဲ့ အပေါ် မူတည်ကာ အရောင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် အနည်းငယ်က Apple ဟာ iPhone 12 Series မော်ဒယ်တွေအတွက် Purple အရောင်ကို မိတ်ဆက်ခဲ့ပါတယ်။

Apple ဟာ iPhone 14 Series စမတ်ဖုန်း မိတ်ဆက်ပွဲအတွက် စက်တင်ဘာလ ၇ ရက်နေ့ကို ရွေးချယ်ထားပြီး အဲဒီ စမတ်ဖုန်းတွေအပြင် Watch Series 8 မော်ဒယ်တွေကိုပါ ကြေညာနိုင်ပါတယ်။ အောက်တိုဘာလမှာတော့ iPad နဲ့ M2 Chip ပါတဲ့ iPad Pro တို့ကို မိတ်ဆက်နိုင်ပါတယ်။

Ref : gizmochina