တစ်ကမ္ဘာလုံးမှာ စမတ်ဖုန်း အစိတ်အပိုင်းတွေ မလုံလောက်တဲ့ ပြဿနာကို Apple အပါအဝင် ဖုန်း ကုမ္ပဏီများစွာ ရင်ဆိုင်နေရပါတယ်။ လက်ရှိရောင်းချနေတဲ့ iPhone 13 Series တွေဟာလည်း ဝယ်လိုအားကို ပြည့်မှီအောင် မရောင်းချနိုင်ပါဘူး။ အခုတော့ တောင်ကိုရီးယား မီဒီယာ TheElec က နောက်နှစ်မှာ ထွက်မယ့် iPhone 14 Pro မော်ဒယ်တွေမှာ 48MP Punch-hole ဆဲလ်ဖီး ကင်မရာတွေ တပ်ဆင်ထားမယ်လို့ သတင်းပေးလာပါတယ်။

iPhone 14 Pro Max render (via Front Page Tech | Renders by Ian)

၆.၀၆ လက်မ iPhone 14 Pro နဲ့ ၆.၇ လက်မ iPhone 14 Pro Max တို့မှာ LG ရဲ့ LTPO 120Hz OLED မျက်နှာပြင်တွေ ပါလာနိုင်ပြီး အဲဒီ ၂ လုံးမှာပဲ Punch-hole တပ်ဆင်ထားနိုင်ပါတယ်။

Super early iPhone 14 (Pro Max) renders leak, shows Apple will drop the notch for a punch hole - Gizmochina

Pro မဟုတ်တဲ့ iPhone 14 မော်ဒယ်တွေထဲမှာ ၆.၀၆ လက်မ မော်ဒယ်နဲ့ ၆.၇ လက်မ မော်ဒယ်တွေ ပါလာနိုင်ပြီး Notch တပ်ဆင်ထားကာ မျက်နှာပြင်ကို BOE က ထုတ်လုပ်ပေးထားနိုင်ပါတယ်။ စွမ်းရည်နိမ့် မော်ဒယ်တွေမှာ LTPO မျက်နှာပြင်နဲ့ 120Hz Refresh Rate တွေ မထည့်သွင်းထားနိုင်ပါဘူး။

TheElec က BOE ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်မယ့် iPhone 15 Series အတွက် LTPO မျက်နှာပြင်တွေ ထုတ်လုပ်ပေးနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။ Apple ဟာ ၂၀၂၂ ခုနှစ်မှာ iPhone SE မော်ဒယ်အသစ်ကို ကြေညာနိုင်ပြီး ဒီဇိုင်းက အရင်မျိုးဆက်နဲ့ တူညီနိုင်ပေမယ့် 5G ဆက်သွယ်မှု ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena