Apple ဟာ iPhone 14 Series ကို စက်တင်ဘာလမှာ ကြေညာမယ်လို့ ထင်ရပါတယ်။ Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က အဲဒီ iPhone 14 စမတ်ဖုန်းအသစ်တွေမှာ iPhone 11 နောက်ပိုင်း အရှေ့ ကင်မရာကို အကြီးမားဆုံး အဆင့်မြှင့်ထားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

iPhone 14 launch: Big setback for Apple over iPhone 14 Max, iPhone 14 Pro Max? | Mobile News

iPhone 14 ရဲ့ ဆဲလ်ဖီး ကင်မရာမှာ Autofocus ပါလာမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ သမိုင်းကြောင်းမှာ ပထမဆုံး အကြိမ် Fixed Focus ကို အသုံးမပြုတော့တာ ဖြစ်ပါတယ်။ 6P Lens နဲ့ တောက်ပတဲ့ f/1.9 Aperture ပါလာမှာလည်း ဖြစ်ပါတယ်။

Apple iPhone 14 series to come with major front camera improvements: Kuo - Gizmochina

လူတွေဟာ Video Calls နဲ့ လူမှုကွန်ရက်မှာ တင်တဲ့ Video တွေအတွက် ဆဲလ်ဖီး ကင်မရာကို ပိုပြီး မှီခိုလာတဲ့အတွက် Autofocus က အရှေ့ ကင်မရာရဲ့ စွမ်းဆောင်ရည်ကို ပိုမို တိုးတက်စေမှာ ဖြစ်ပါတယ်။ အဲဒီ Lens ကို အဓိက ထောက်ပံ့ပေးမှာက Genius ဖြစ်ပြီး CCM (CMOS ကင်မရာ Module) ကို LG Innotek နဲ့ Cowell တို့က ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

မတ်လမှာ နာမည်ကြီး Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က iPhone 14 နဲ့ iPhone 14 Max မှာ A15 Chip နဲ့ iPhone 14 Pro မှာ A16 Bionic Chipset အသုံးပြုထားမယ်လို့ သတင်းပေးခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာ TrendForce ကလည်း အဲဒီ သတင်းကို ထောက်ခံပြောဆိုလိုက်ပါတယ်။ Apple ရဲ့ A15 Chip ဟာ လက်ရှိ Chipset ဈေးကွက်ထဲမှာ စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် iPhone 14 နဲ့ iPhone 14 Max တို့ရဲ့ စွမ်းဆောင်ရည်ဟာ မြင့်မားမှာ ဖြစ်ပါတယ်။

Ref : gsmarena