Apple က မကြာခင်က iPhone 14 , 14 Plus နဲ့ 14 Pro Max တို့ ပါတဲ့ iPhone 14 Series ကို ကြေညာခဲ့ပါတယ်။ ကြေညာပြီး သိပ်မကြာခင်မှာပဲ iPhone 15 Series ရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Apple ဟာ iPhone 15 Pro Max အစား iPhone 15 Ultra ကို ထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ iPhone 15 Ultra ရဲ့ သတင်းတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Apple iPhone 14 Pro Max

LeaksApplePro က iPhone 15 Ultra မှာ တိုက်တေနီယမ် ကိုယ်ထည် ပါလာမှာ ဖြစ်ပြီး ဒီဇိုင်းက ပရီမီယမ်ဆန်မယ်လို့ ပြောပါတယ်။ အရင်က iPhone 14 Pro Max မှာ တိုက်တေနီယမ် ကိုယ်ထည် ပါလာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။

iPhone 15 rumor just gave me a big reason to skip iPhone 14 | Tom's Guide

တိုက်တေနီယမ်ဟာ စတီးထက် ပိုပြီး အရည်အသွေးမြင့်တဲ့ ဒြပ်ထု ဖြစ်ကာ ခြစ်ရာခံနိုင်သလို ပေါ့ပါး မာကျောပါတယ်။ ဈေးကွက်ထဲမှာ တိုက်တေနီယမ် ကိုယ်ထည် ပါတဲ့ စမတ်ဖုန်းများများစားစား မရှိသေးပါဘူး။ တိုက်တေနီယမ်ဟာ တန်ဖိုးကြီးမားတဲ့အတွက် iPhone 15 Ultra ရဲ့ ဈေးနှုန်းဟာလည်း ပိုကြီးလာနိုင်ပါတယ်။

မကြာခင်က iPhone 15 Ultra ရဲ့ သတင်းအချက်အလက်တွေ ထွက်လာခဲ့ပြီး 3nm Chip မောင်းနှင်ထားမှာပါ။ ဥရောပ သမဂ္ဂက ဖုန်းတွေမှာ USB-C ကို အသုံးပြုရမယ့် ဥပဒေကို ကျင့်သုံးလာတဲ့အတွက် iPhone 15 Ultra မှာ USB-C Port ပါလာနိုင်ပါတယ်။ ပိုကောင်းတဲ့ အရှေ့ ကင်မရာနဲ့ ပိုရှည်ကြာတဲ့ ဘက်ထရီ သက်တမ်းတွေ ထောက်ပံ့ထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina