Apple က iPhone 16 Series မိတ်ဆက်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့ ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက မီဒီယာတွေကိုဖိတ်စာတွေ ပေးပို့လိုက်ပါတယ်။

ဖိတ်စာမှာ “It’s Glowtime” Tagline ကို အသုံးပြုထားပါတယ်။ အဲဒီပွဲကို အမေရိကန် စံတော်ချိန် နံနက် ၁၀ နာရီမှာ Apple Park မှ Steve Jobs Theater မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပွဲမှာ Apple ဟာ iPhone 16 မော်ဒယ် အသစ်တွေအပြင် Apple Watch Series 10 (or Apple Watch X) နဲ့ AirPods အသစ်တွေကိုပါ ကြေညာနိုင်ပါတယ်။

Apple iPhone 16 event set for September 9 with 'Glowtime' invite | TechCrunch

ထုံးစံအတိုင်းပဲ ပွဲကျင်းပချိန်ဟာ ၁ နာရီ သို့မဟုတ် ၂ နာရီကြာမြင့်မှာ ဖြစ်ပြီး ပွဲမှာ ကြိုတင်မှာယူနိုင်တဲ့အချိန်ကို ကြေညာပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံးရထားတဲ့ သတင်းအရ စက်တင်ဘာလ ၂၀ ရက်နေ့မှာ နိုင်ငံတချို့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

အရင်ကတော့ iPhone 16 Series မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ကျင်းပမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ၁ ရက်စောပြီး ကျင်းပမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို အွန်လိုင်း ကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။

Ref : gsmarena