Apple ဟာ iPhone 8 ဒီဇိုင်းကို အခြေခံထားတဲ့ iPhone SE 3 သို့ 3rd Generation ကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်အထိ ရောင်းချနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်ထွက်ပေါ်လာတဲ့သတင်းတွေအရ Apple ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ နောက်ထပ် IPhone SE အသစ် သို့မဟုတ် iPhone SE 4 ကို တရားဝင်မိတ်ဆက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အဆိုပါ iPhone SE 4 ဟာ ထွက်ရှိပြီးသမျှ iPhone SE ဖုန်းတွေထဲမှာ Home Button ပါဝင်တဲ့ ဒီဇိုင်းကနေ Upgrade ပြုလုပ်လာမှာဖြစ်ပြီး သတင်းတော်တော်များများက iPhone 14 ရဲ့ ဒီဇိုင်းကို အခြေခံထားမယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ ဒါကြောင့် လက်ရှိ iPhone 15 Series တွေလိုမျိုး Display မှာ Dynamic Island အစား Notch ကိုပဲ အသုံးပြုထားမယ့်ပုံစံပါပဲ။

အခုနောက်ဆုံးသိရတဲ့သတင်းတစ်ခုအရ iPhone SE 4 ဟာ iPhone 14 ရဲ့ ဒီဇိုင်းတင်မဟုတ်ဘဲ Battery ကိုပါ အတူတူအသုံးပြုလာဖို့ရှိနေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် iPhone SE 4 ရဲ့ Device Identifier Number ဖြစ်တဲ့ D59 ဖုန်းကို iPhone 14 မှာပါဝင်တဲ့ Battery Model ဖြစ်တဲ့ A2863 နှင့်အတူ တွေ့ရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် iPhone SE 4 ရဲ့ Battery ဟာ iPhone 14 အတိုင်းပဲ 3279mAh Battery Capacity ရှိမှာဖြစ်ပြီး iPhone 14 လိုမျိုးပဲ 60Hz Display ကို အသုံးပြုထားမှာဖြစ်တဲ့အတွက် Battery Life ပိုင်းမှာလည်း iPhone 14 နဲ့ ဆင်တူမယ်လို့ ခန့်မှန်းရပါတယ်။

iPhone SE 4 ဟာ OLED Display ၊ Single Camer Setup ၊ Face ID အပြင် လက်ရှိ iPhone 15 Series တွေလိုမျိုး USB-C Port နဲ့ Action Button ပါ ပါဝင်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိထားပါတယ်။ Performance ပိုင်းမှာတော့ iPhone 15 လိုမျိုးပဲ A16 Bionic Chip ကို အသုံးပြုလာဖွယ်ရှိပါတယ်။

Ref – GSM Arena