Apple ဟာ ဈေးသက်သာတဲ့ iPhone SE Series ကို ထုတ်လုပ်ရောင်းချနေပြီး ကုမ္ပဏီဟာ တတိယမျိုးဆက် မော်ဒယ်ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ဖုန်းကို မကြေညာခင်မှာ သတင်းများစွာ အွန်လိုင်းမှာ ပေါက်ကြားနေပါတယ်။ အခုတော့ 5G ဆက်သွယ်မှု ပါတဲ့ Apple iPhone SE အသစ်ကို ဒီနှစ် မတ်လနဲ့ ဧပြီလအတွင်း တရားဝင် ကြေညာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။
Mark Gurman က Apple ဟာ ဒီနှစ် မတ်လနဲ့ ဧပြီလအတွင်းမှာ ပွဲကြီး ၁ ခု ကျင်းပဖို့ရှိနေပြီး အရင် ပွဲတွေမှာလိုပဲ အွန်လိုင်းကနေကျင်းပမယ်လို့ ပြောပါတယ်။ အဲဒီပွဲမှာ နောက်မျိုးဆက် iPhone SE ကို ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Apple ဟာ မတ်လနဲ့ ဧပြီလတွေမှာ ထုတ်ကုန် အသစ်တွေကို ကြေညာလေ့ရှိတဲ့အတွက် ဒီသတင်းဟာ ဖြစ်နိုင်ပါတယ်။
အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ iPhone SE 2022 ဟာ ဒီဇိုင်းအပိုင်းမှာ အခု ရောင်းချထားတဲ့ မော်ဒယ်တွေနဲ့ တူညီမှာ ဖြစ်ပေမယ့် ပိုကောင်းတဲ့ Specs တွေ ထည့်သွင်းထားမှာပါ။ iPhone SE 2022 မှာ ၄.၇ လက်မ Retina HD LCD မျက်နှာပြင်ပါလာနိုင်ပြီး Home Button အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ LCD မျက်နှာပြင်နဲ့ Home Button ပါတဲ့ Apple ရဲ့ နောက်ဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။
Apple A15 Processor မောင်းနှင်ထားနိုင်ပြီး 3GB RAM ပါလာနိုင်ပါတယ်။ Plus Version မှာတော့ 4GB RAM ထည့်သွင်းထားနိုင်ပါတယ်။ အနောက်ဘက်မှာ ဓါတ်ပုံ လုပ်ဆောင်ချက်တွေ ပိုကောင်းလာတဲ့ 12MP ကင်မရာ ၁ လုံးပဲ တပ်ဆင်ထားနိုင်ပါတယ်။
J.P. Morgan ရဲ့ မကြာခင်က တွက်ချက်မှုအရ iPhone SE အသစ်ဟာ စွမ်းရည်သင့် Android ဖုန်း သုံးစွဲသူ ၁.၄ ဘီလီယမ်နဲ့ iPhone အဟောင်း သုံးစွဲသူ သန်း ၃၀၀ ကို စွဲဆောင်နိုင်မယ်လို့ သိရပါတယ်။
Ref : gizmochina