Apple က iOS 17 ကို မနေ့က ကြေညာခဲ့ပြီး StandBy Mode, NameDrop နဲ့ Live Voicemail အပါအဝင် စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်များစွာ ပါလာပါတယ်။ iOS Version အသစ်ထွက်တိုင်းမှာ iPhone အဟောင်းတွေကို မထောက်ပံ့တော့ပါဘူး။ ဒီနှစ်မှာတော့ iPhone X, iPhone 8 နဲ့ iPhone 8 Plus မော်ဒယ်တွေဟာ iOS 17 ကို မရတော့ပါဘူး။

iOS 17 ကို သုံးချင်တဲ့ သူတွေဟာ iPhone XS Series နဲ့ နောက်ပိုင်းထုတ် iPhone တွေ ပိုင်ဆိုင်ထားရမှာဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယမျိုးဆက် iPhone SE မော်ဒယ်တွေကိုတော့ ထောက်ပံ့ထားတဲ့အတွက် iPhone X နဲ့ 8 Series မှာ ပါတဲ့ ဒိတ်အောက်နေတဲ့ A11 Bionic Chipset ကြောင့် မရတာ ဖြစ်နိုင်ပါတယ်။

iOS 17 ရမယ့် Device တွေကို အောက်က ပုံမှာ လေ့လာနိုင်ပါတယ်။

iPhone X and older iPhones not getting iOS 17

iPadOS 17 အကြောင်းပြောရရင် Apple ဟာ ပထမမျိုးဆက် iPad Pro မော်ဒယ်တွေနဲ့ ၂၀၁၇ ခုနှစ်ထုတ် ပဌ္စမမျိုးဆက် iPad တွေမှာ မထောက်ပံ့ပေးတော့ပါဘူး။

iPadOS 17 ရမယ့် Device တွေကို အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။

iPhone X and older iPhones not getting iOS 17

ref : gsmarena