Apple ဟာ အမေရိကန် Patent & Trademark Office မှာ Patent အသစ် ၁ ခုကို မှတ်ပုံတင်လိုက်ပြီး iPhone နဲ့ iPad တွေဟာ ဖန်မျက်နှာပြင်ကနေ Accessory တွေကို မကြာခင် အားသွင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အဲဒီ Patent ကို “Through-Display Wireless Charging” လို့ နာမည်ပေးထားပြီး ကြိုးမဲ့အားသွင်းတာကို ထောက်ပံ့တဲ့ AirPods, Apple Watch နဲ့ Apple Pencil တို့လို Accessory တွေကို အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ သင် နေအိမ်ပြင်ပရောက်နေတဲ့အချိန်မှာ AirPods အားကုန်သွားရင် ဒီလုပ်ဆောင်ချက်က အသုံးဝင်မှာ ဖြစ်ပါတယ်။

airpods pro

Apple နဲ့ ပတ်သက်တဲ့ နောက် သတင်း ၁ ပုဒ်ကတော့ နောက်ထွက်မယ့် iPhone 14 မှာ SIM Card Slot မပါလာဘဲ eSIM ဆက်သွယ်မှုပါလာမယ်လို့ သိရပါတယ်။ eSIM Card ၂ ခုကို ထောက်ပံ့ထားမယ့်အတွက် Dual SIM စွမ်းရည်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်း မတိုင်ခင်က Apple ဟာ နောက်ထုတ်မယ့် စမတ်ဖုန်းတွေမှာ Lightning Port ကို ဖယ်ရှားတော့မယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပါတယ်။ အဲဒီအတွက် ဒီဇိုင်း ပိုရှင်းလင်းလာမှာ ဖြစ်သလို ရေစိုခံစွမ်းရည် ပိုကောင်းလာမှာ ဖြစ်ပါတယ်။

Apple ဟာ ပြောင်းလဲမှု ကြီးကြီးမားမားတွေကို ပြုလုပ်လေ့ရှိတဲ့အတွက် ဒီသတင်းတွေဟာ မှန်ကန်လာနိုင်ပါတယ်။ မကြာခင်မှာ အဲဒါတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်လာနိုင်ပါတယ်။

Ref : gizmochina